ကာဘူးလ်၊ ဇွန်(၆)
အာဖဂန်နစ္စတန်ရှိ မူလတန်းကျောင်းတွေမှာ သီးခြားတိုက်ခိုက်မှုနှစ်ကြိမ်အတွင်း ကျောင်းသူ (၈၀) နီးပါး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရတယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် သြဂုတ်လမှာ တာလီဘန်တွေက အာဏာသိမ်းပြီးကတည်းက အာဖဂန်အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ လွတ်လပ်ခွင့်တွေကို ဖိနှိပ်ဖြိုခွင်းခဲ့ပြီးနောက် အခုလို တိုက်ခိုက်မှုဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။
တက္ကသိုလ်အပါအဝင် ဆဌမတန်းအထက်ကျော်လွန်တက်ရောက်နေတဲ့ မိန်းကလေးတွေရဲ့ ပညာသင်ကြားခွင့် ပိတ်ပင်ထားပြီး အမျိုးသမီးတွေကို လုပ်ငန်းခွင်အများစုနဲ့ အများပြည်သူဆိုင်ရာ နေရာတွေမှာ အလုပ်လုပ်ခွင့်ကို လည်း ပိတ်ပင်ထားခဲ့တာ ဖြစ်ပါတယ်။
ဆာအီပေါလ်ပြည်နယ် ဆန်ချာရတ်ခရိုင်မှာ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ ကျောင်းသူ ၈၀ နီးပါး အဆိပ် သင့်ခဲ့တာဖြစ်ကြောင်း ပြည်နယ်ပညာရေးဌာန အကြီးအကဲ မိုဟာမတ် ရာမ်မနီက ပြောပါတယ်။
“မူလတန်းကျောင်းနှစ်ကျောင်းဟာ တစ်ခုနဲ့တစ်ခု နီးကပ်နေတာကြောင့် ပစ်မှတ်ထားခံရတာဖြစ်တယ်။ ကျွန် တော်တို့ ကျောင်းသူတွေကို ဆေးရုံကိုပို့လိုက်ပြီး အခုတော့ အားလုံး အဆင်ပြေသွားပြီ” လို့ သူက အေပီသ တင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
အဆိပ်သင့်မှုကို ကြိုးကိုင်ခဲ့သူမှာ ပုဂ္ဂိုလ်ရေးအရ အာဃာတတွေရှိကြောင်း ပညာရေးအရာရှိက ထုတ်ဖော် ပြောဆိုခဲ့ပေမယ့် အသေးစိတ်ကို ပြောကြားခဲ့ခြင်းမရှိပါဘူး။
မစ္စတာ ရာမ်မနီက အဆိပ်သင့်ခြင်းဖြစ်ပွားခဲ့တဲ့ မိန်းကလေးတွေရဲ့ အသက်အရွယ်အကို မဖော်ပြဘဲ သူတို့ဟာ ၁တန်း မှ ခြောက်တန်းအထိဖြစ်တယ်လို့ ပြောဆိုထားတာပါ။ ဒါ့အပြင် ဘယ်လို အဆိပ်ခတ်ခံရသလဲဆိုတာနဲ့ ရောဂါခံစားရမှု အခြေအနေကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
အိမ်နီးချင်း အီရန်နိုင်ငံဟာလည်း ပြီးခဲ့တဲ့နိုဝင်ဘာလမှစပြီး မိန်းကလေးကျောင်းတွေမှာ အဆိပ်သင့်မှုတွေဟာ အရှိန်အဟုန်ပြင်းပြင်းနဲ့ ဖြစ်ပေါ်လှုပ်ခတ်လာခဲ့တာလည်း ဖြစ်ပါတယ်။
Ref: Skynews