နယူးဒေလီ – ဇွန်(၄) 

အိန္ဒိယနိုင်ငံ အိုဒီရှာ ပြည်နယ်မှာ ရထားနှစ်စင်း တိုက်မိခဲ့ပြီး အနည်းဆုံးလူ (၂၃၃) ဦးသေဆုံးကာ (၉၀၀) နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ရာစုနှစ်တစ်ခုကျော်အတွင်း နိုင်ငံမှာ သေဆုံးမှု အများဆုံး ရထားမတော်တဆမှုဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လ(၂)ရက်နေ့ ဖြစ်ခဲ့တဲ့ ရထားမတော်တဆမှုကြောင့် သေဆုံးမှုတွေဟာ မျှော်မှန်းထား တာထက် ပိုမိုမြင့်တက်လာနေတယ်လို့လည်း ပြည်နယ်အကြီးအကဲက တွစ်တာစာမျက်နှာမှာ ရေးသားထားပါတယ်။ 

လက်ရှိမှာတော့ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ အိုဒီရှာ ဘာလာဆိုးခရိုင်ခွဲကို အရေးပေါ်လူနာတင် ယာဉ် အစီး(၂၀၀) ခေါ်ဆောင်ထားပြီး ဆရာဝန်(၁၀၀) ဦးထဲက (၈၀) ဦးဟာ တာဝန်ထမ်းဆာင်ဖို့ ရောက်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းတွေအရ ကယ်ဆယ်ရေးသမားတွေဟာ တိမ်းမှောက်သွားတဲ့ ရထားပေါ်ကို တက်ရောက်ပြီး အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။ 

မီးသတ်ဝန်ထမ်းဦရဲတပ်ဖွဲ့အရာရှိ၊အနံ့ခံခွေးတွေအပါအဝင် အင်အားရာချီအသုံးပြုပြီး ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အထူးဆောင်ရွက်နေသလို အိန္ဒိယနိုင်ငံ အမျိုးသား သဘာဝ ဘေးအန္တရာယ်အဖွဲ့တွေလည်း မြေပြင်ရောက်ရှိနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ရထားတိုက်မှဒဖြစ်ပွားပြီးနောက် ရာနဲ့ချီတဲ့ လူငယ်တွေဟာလည်း အိုဒီရှာ ဆိုရိုမှာရှိတဲ့ အစိုးရဆေးရုံမှာ သွေးလှူဖို့ စောင့်ဆိုင်းနေခဲ့ကြတယ်လို့ သိရပါတယ်။ 

ရထားနှစ်တိုက်ဟာ အိန္ဒိယအနောက်ဘန်ဂေါရှိ ဘန်ဂါလောက ဟောရပ်ကို ပြေးဆွဲနေတဲ့ Superfast Express ရထားနဲ့ ကိုကတာက ချင်နိုင်းကို ပြေးဆွဲတဲ့ Coromandel Express တို့ ဖြစ်တယ်လို့ သိရပါတယ်။ 

အိန္ဒိယမီးရထားဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ အဲဒီလမ်းကြောင်းဟာ နေ့စဉ် ခရီးသည် သန်း (၁၃၀) ကျော်ကို သယ်ယူပို့ဆောင်နေတာဖြစ်တယ်လို့ထားပြီး အစိုးရလက်ဝါးကြီးအုပ်ထားတဲ့ အခြေခံအဆောက်အအုံတွေဟာ အိုမင်းရင့်ရော်နေတဲ့အတွက် ဘေးကင်းလုံခြုံရေးကို မေးခွန်း ထုတ်နေကြပါတယ်။ 

ရထားမတော်တဆမှုဖြစ်ပွားခဲ့တဲ့ အိုဒီရှာ ပြည်နယ်အကြီးအကဲဟာ ထိခိုက်သေဆုံးသူတွေကို လေးစားတဲ့အနေနဲ့ ဇွန်လ(၃) ရက်နေ့ကို နိုင်ငံရဲ့ ဝမ်းနည်းခြင်းအထိမ်းအမှန်နေ့အဖြစ် သတ်မှတ် ထားတယ်လို့ သိရပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.