ပေါ့တ်အော်ရ်ပရင့်စ် – ဇွန်(၃)
ဟေတီရဲစခန်းတွေက လူပြည့်ကျပ်နေတဲ့ အကျဉ်းခန်းတွေမှာ အကျဉ်းသားတွေအပေါ် လူမဆန်မှု နဲ့ သိက္ခာ ကျဆင်းစေတဲ့ အခြေအနေမှာ အပြစ်ဒဏ်ကျခံနေရပြီး ရဲတပ်ဖွဲ့ ဟာ မလုံခြုံမှုနဲ့ လျော့ရဲနေတဲ့ တရားစီရင်ရေး မဏ္ဍိုင်ကြားက ယာယီအကျဉ်ထောင်တွေကို မှီခို နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။
Port-au-Prince ရဲတပ်ဖွဲ့ ကော်မရှင်ရုံးမှာ အကျဉ်းသား (၉၂) ဦးကို ညစ်ပေနေတဲ့ အကျဉ်းခန်း နှစ်ခုမှာ ထိန်းသိမ်းထားတယ်လို့ ဆိုထားပြီး အဲဒီနေရာဟာ တရားရုံးကားနာပွဲမတိုင်ခင် လူ(၁၀) ဦး အတွက် အများဆုံး(၄၈) နာရီအထို ထိန်းသိမ်းဖို့ ရည်ရွယ်ထားတာပါ။
“ဒီလူတွေကို လူမဆန်မှုတွေ၊ သိက္ခာမဲ့တဲ့အခြေအနေတွေ၊ ညစ်ပေကျဉ်းကျပ်ပြီး ငြီးငွေ့စရာ ကောင်းတဲ့ ထိန်းသိမ်းရေးစခန်းတွေကနေ အကျဉ်းထောင်တွေအဖြစ် ပြောင်းလဲထားတဲ့နေရာမှာ ထိန်းသိမ်းခံထားရပြီး သူတို့က ဒီအရာတွေအတွက် ဆောက်လုပ်ထားခြင်း နှင့် တပ်ဆင်ထား ခြင်းလည်း မရှိပါဘူး” လို့ RNDDH က ပြောပါတယ်။
အကျဉ်းစခန်းတွေက အကျဉ်းသားတွေကို ကျွေးမွေးတာမရှိသလို ဆွေမျိုးတွေ ယူဆောင်လာတဲ့ အစားအစာနဲ့ သောက်သုံးရေတွေကိုလည်း လျှော့ချခဲ့တာရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြော ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး ဟေတီအစိုးရရှေ့နေရုံးနဲ့ အမျိုးသားရဲတပ်ဖွဲ့ကို ရိုက်တာက မှတ်ချက် ပေးဖို့ မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရခဲ့ပါဘူး။
ကော်မရှင်ရုံးမှာ အမျိုးသမီး(၃၈) ဦးကို ချုပ်နှောင်ထားပြီး တချို့မှာ ရဲတပ်ဖွဲ့ရဲ့ ကြီးကပ်မှု အောက်မှာ တစ်ညလုံး အိပ်စက်ကြရကာ တခြားအကျဉ်းသားတွေကိုတော့ နေ့ဘက်မှာ ခေတ္တ နားချိန်ပေးထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလက ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတစ်ဦးဟာ အကျဉ်းစခန်းမှာ ကျန်းမာရေး ပြဿနာကြောင့် ဆေးကုသမှုခံယူနေစဉ်မှာ ကိုယ်ဝန်(၈) လရှိခဲ့ပြီး နောက်ထပ် စစ်ဆေးမှုတွေ ပြုလုပ်ဖို့ ဆေးရုံကို ပို့ဆောင်ခဲ့ရပြီး အဲဒီကလေးဟာ သေဆုံးခဲ့ကာ သူမမှာလည်း အသက်အန္တရာယ်ရှိတယ်လို့ RNDDH က ပြောပါတယ်။
ဒါ့အပြင် ကိုယ်ဝန်ခြောက်လရှိတဲ့ တခြားအမျိုးသမီးတစ်ဦးကိုလည်း ဇန်နဝါရီလမှာ ဖမ်းဆီးခံရ ပြီးထဲက စစ်ဆေးမှုတွေ မပြုလုပ်ခဲ့ဘူးလို့ သူက ပြောပါသေးတယ။
ဝန်ထမ်းတွေဟာ အကျဉ်းသားတွေကို စခန်းကနေ ပြောင်းရွှေ့ချိန်မှာလည်း အမျိုးသားအကျဉ်း သားတွေဟာ ကြားနာမှုကို စောင့်ဆိုင်းနေချိန် တခြားအကျဉ်းထောင်တွေမှာ လူပြည့်ကျပ်နေတာ နဲ့ ဂိုဏ်းတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးတွေကို လွှဲပြောင်းဖို့ နှောင့်နှေးမှု ရှိခဲ့တယ် လို့ သိရပါတယ်။
၂၀၂၂ ခုနှစ် ဇန်နဝါရီလ မှ ဧပြီလအတွင်းကလည်း ဟေတီအကျဉ်းထောင်တွေအတွင်း အဟာရ ချို့တဲ့မှုကြောင့် သေဆုံးသူ (၅၄) ဦးရှိခဲ့တယ်လို့ ကုလသမဂ္ဂ ကဆိုထားပါတယ်။
ဟေတီနိုင်ငံက လက်နက်ကိုင်ဂိုဏ်တွေရဲ့ အကြမ်းဖက်မှုတွေ တိုးလာပြီးနောက်ပိုင်း လူထောင် ပေါင်းများစွာဟာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရသလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
Ref: Reuters