မူး၊ ဇွန်(၂)

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် တပ်မဟာ (၃) မူးမြို့နယ် မရမ်းစိန်လေးကျေးရွာ ဒေသခံအရပ်သားပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ KNU ဗဟိုက ဇွန် ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၂၉ ရက်နေ့က လယ်ထဲသွားဖို့ ထွက်လာတဲ့ မရမ်းစိန်လေးရွာသား အသက် ၃၁ နှစ်အရွယ် စောဘိုနေထူးကို မျက်နှာပတ်တီးပိတ်နဲ့ပြီး ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဖမ်းဆီးသွားတဲ့ စောဘိုနေထူးကို ရိုက်နက်ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်ပြီးနောက် မေ ၃၀ ရက်နေ့မှာ သတ်ဖြတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မေ ၃၀ ရက်နေ့ကလည်း ဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်နေ ဒရုန်းနဲ့လက်နက်ကြီး ၃ လုံး လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် ရွာကြီးအင်းကျေးရွာရှိ စေတီ ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေ့မှာပဲ စစ်ကောင်စီတပ်ဟာ နတ်သံကွင်း-ရေတွင်းကုန်းတာဆုံလမ်းမှာ လမ်းသွားလမ်းလာဒေသခံပြည်သူတွေကိုဖမ်းဆီးပြီး မီးတိုင်ပြင်ဖို့ခေါ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

KNU အုပ်ချုပ်နယ်မြေမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း အရပ်သား ၅၀၀ ထက်မနည်း သတ် ဖြတ်ခံထားရတယ်လို့ ကရင်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.