Hong Kong newspapers from June 5, 1989, reporting the Tiananmen Square China uprising, are pictured during a press preview of the Tiananmen June 4th Memorial permanent exhibition which opens June 2 in Manhattan, in New York City, U.S., June 1, 2023. REUTERS/Mike Segar

နယူးယောက်၊ ဇွန်(၃)

တီယန်မင်ရင်ပြင်တစ်ဝိုက်ရှိ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပွဲတွေကို တရုတ်အစိုးရက ဖြိုခွင်းခဲ့မှု (၃၄) နှစ် မြောက်နှစ်ပတ်လည်နေ့မတိုင်မီမှာ ပြတိုက်အသစ်ကို ဇွန်လ (၂) ရက်နေ့မှာ ဖွင့်လှစ်ခဲ့ကြောင်း ပြပွဲစီစဉ်သူ တွေက ပြောပါတယ်။ 

ဟောင်ကောင်ရှိ အလားတူပြတိုက်တစ်ခုကို အာဏာပိုင်တွေရဲ့ အလားတူဖိအားပေးမှုအောက်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ပိတ်သိမ်းခဲ့ရတာပါ။ နယူးယောက်ရှိ ဇွန် (၄) ရက်နေ့အထိမ်းအမှတ်ပြတိုက်ကတော့ ကမ္ဘာ ပေါ်မှာ တစ်ခုတည်းသော အမြဲတမ်းပြပွဲဖြစ်လာမှာလို့ ပြောဆိုထားပါတယ်။  

၁၉၈၉ ခုနှစ် ဇွန်လ (၄) ရက်နေ့ အရုဏ်မတက်မီ ပေကျင်းရှိ ရင်ပြင်သို့ တင့်ကားတွေလှိမ့်ဝင်လာပြီး ရက်သတ္တ ပတ်တွေအတွင်းဖြစ်ပေါ်ခဲ့တဲ့ ကျောင်းသားနဲ့ အလုပ်သမားဆန္ဒပြမှုတွေဟာ အဆုံးသတ်သွားခဲ့ရတာ ဖြစ်ပါ တယ်။ 

တရုတ်ခေါင်းဆောင်တွေက ချေမှုန်းဖို့ စစ်တပ်ကိုအမိန့်ပေးခဲ့ပြီးတဲ့ အဲဒီအဖြစ်အပျက်ဟာ ဆယ်စုနှစ်များ စွာကြာသွားတဲ့တိုင် ဆန္ဒပြသူတွေရဲ့မူလပန်းတိုင်ဖြစ်တဲ့ သတင်းလွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာ ပြောဆိုခွင့် တွေဟာ အရင်ကထက် ပိုမိုဝေးကွာနေဆဲဖြစ်ကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောကြားခဲ့ပါတယ်။

Sixth Avenue ရုံးအဆောက်အအုံရဲ့ စတုတ္ထထပ်ရှိအဲဒီ ပြတိုက်ငယ်မှာ တီယန်မင်ဖြစ်ရပ်ရဲ့ အမှတ်တရ ပစ္စည်းတွေကို ပြသထားပြီး စာတန်းတွေ၊ ဘန်နာတွေ၊ သွေးစွန်းနေတဲ့ ရှပ်အင်္ကျီတွေ၊ ဓာတ်ပုံတွေနဲ့ အဲဒီအချိန်က အသေးစိတ်အချက်အလက်တွေ၊ သတင်းဆောင်းပါးတွေလည်း ပါဝင်တာ ဖြစ်ပါတယ်။  

ပြတိုက်အစီအစဉ်ကို ကူညီပေးခဲ့တဲ့ ပြည်ပရောက် တီယန်မင်အရေးအခင်း ကျောင်းသားခေါင်းဆောင်ဟောင်း ဖန်ဆိုက ဒီပြတိုက်ဟာ “လွတ်လပ်သော တရုတ်နိုင်ငံအတွက် မျှော်လင့်ချက်” တည်ရှိရာနေရာဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။ 

“ဘာလို့လဲဆိုတော့ အဲဒီမှာ မျှော်လင့်ချက်တွေရှိတယ်။ ဘယ်လိုရှုံးနိမ့်မှုတွေဖြစ်ပါစေ ဘယ်လောက်ပဲ ရုန်းကန်ခဲ့ရပါစေ ဒီအိပ်မက်က ဒီမှာရှိနေသေးတယ်” လို့ သူက ပြောခဲ့တာပါ။ 

ဝါရှင်တန်ရှိ တရုတ်သံရုံးကတော့ ဒီကိစ္စနှင့်ပက်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကိုတော့ တုံ့ပြန် ဖြေကြားခဲ့တာ မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံဟာ ၁၉၈၉ ခုနှစ်အကြမ်းဖက်မှုမှာ သေဆုံးသူအရေအတွက်ကို မည်သည့်အခါမျှ ဖော်ပြခဲ့ခြင်းမရှိဘဲ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ မျက်မြင်သက်သေများကမူ ထောင်နှင့်ချီပြီးရှိနိုင်ကြောင်း ဆိုကြပါတယ်။ 

တရုတ်ပြည်မကြီးမှာ ဇွန်လ (၄) ရက်နေ့ကို အထိမ်းအမှတ်ပြုခြင်းဟာ တားမြစ်ချက်ဖြစ်ပြီး အစိုးရက မကြာ သေးမီနှစ်တွေအတွင်း ဆင်ဆာဖြတ်တောက်မှုတွေကို အရှိန်မြှင့်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဖြိုခွင်းမှုနဲ့ပတ်သက်တဲ့ လူထုအောက်မေ့ဖွယ်ပွဲတွေကို ဟောင်ကောင်မှာ အရင်ကတစ်ကြိမ်ခွင့်ပြုခဲ့ပေမယ့် လည်း ကိုဗစ် -၁၉ စိုးရိမ်ကြောင့်ကြမှုတွေကြောင့် ဟောင်ကောင်ရဲတပ်ဖွဲ့က ကြပ်မတ်တားမြစ်ခဲ့တာ ဖြစ်ပါတယ်။ 

ပြတိုက်ကိုတည်ထောင်ရာမှာကူညီခဲ့တဲ့ တီယန်မင် အရေးခင်းကျောင်းသားခေါင်းဆောင်ဟောင်း ဝမ်ဒမ်က လည်း သေဆုံးသွားတဲ့ ဆန္ဒပြသူတွေကို လေးစားမှုပြသဖို့ သူ့မှာတာဝန်ရှိတယ်လို့ ယူဆကြောင်းဆိုခဲ့ပြီး “လက်မလျှော့ပါနဲ့ ဒါက တရုတ်လူမျိုးတွေကို ပေးချင်တဲ့ သတင်းစကားပါ” လို့ ဝမ်က ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။  

Ref: Reuter

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.