May 2023

ဂျပန်ရောက် ဘောလုံးအားကစားဝါသနာရှင်စုစည်းပြီး တော်လှန်ရေး ထောက်ပို့ ရံပုံငွေ ဖူဆယ်ဘောလုံးပွဲ ကျင်းပ

+++++++++++ ကော့သူလေးကရင်တပ်မတော် လက်အောက်ရှိ Lion Battalion Commando Special Force အတွက် ရည်ရွယ်ပြီး ထောက်ပို့ ရံပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီကနေ့ မေလ ၂၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဲဒီ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံရှိ Fairness Gunma FC နှင့် MNSO Tokyo FC တို့က ပူးပေါင်း…

“သူကတော့ သူ့မူလပေါ်လစီအတိုင်းပဲ မြန်မာဘက်က စစ်ခေါင်းဆောင်တွေနဲ့ ပေါင်းစပ်တယ်။ မျိုးဆက်သစ် Move Forward Party က တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အနေအထား မရောက်မချင်းကတော့ ကျွန်တော်ပြည်သူ တွေအနေနဲ့ သတိထားသွားလာဖို့ လိုတယ်”

ထိုင်း-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့မှာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနဲ့ နယ်စပ်တလျှောက် တရားမဝင်ဝင်ထွက်သွားလာမှုတွေကို ပူးပေါင်းတားဆီးကာကွယ်ရေးအတွက် နှစ်ဖက်ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ တဖက်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခုလထဲမှာ ဆက်တိုက် ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ ဒါကြောင့် ထိုင်း – မြန်မာနှစ်နိုင်ငံရဲတပ်ဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ ဖြစ်လာနိုင်တဲ့ အကျိုးသက် ရောက်မှု၊ ရွေးကောက်ပွဲအနိုင်ရ…

မုန်တိုင်းကယ်ဆယ်ရေးအတွက် မွန်ပြည်သစ်ပါတီ AA ကို သိန်း(၅၀၀) လှူဒါန်း

မော်လမြိုင် – မေ(၂၈) ရခိုင်ဒေသကို တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ မွန်ပြည်သစ်ပါတီက ကျပ်သိန်း (၅၀၀) လှူဒါန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တာပါ။ လက်ရှိအချိန်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ်…

မလေးရှားမှာ အကြီးစား နိုင်ငံတကာလက်နက်ပြပွဲပြုလုပ်

လန်ကာဝီ၊ မေ(၂၈) ကမ္ဘာ့အနှံအပြားမှာ ဘူမိနိုင်ငံရေးတင်းအားတွေမြင့်တက်လာချိန်မှာပဲ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လက်နက်ပြပွဲဟာ ကြီးမားတဲ့စိတ်ဝင်စားမှုတွေကို ဖြစ်ပေါ်စေ ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့အကြီးဆုံးလည်းဖြစ်ပြပွဲလည်းဖြစ်တဲ့ အခုနှစ်လန်ကာဝီအပြည်ပြည်ဆိုင်ရာရေကြောင်းနဲ့ အာကာသဆိုင်ရာ ပြပွဲမှာ နိုင်ငံပေါင်း ၃၀ ကျော်မှ ကုမ္ပဏီ ၅၀၀ ကျော်တို့က သူတို့ရဲ့ စစ်ရေးလက်နက်ဆိုင်ရာ Hardware နဲ့ Software နည်းပညာတွေကို ပြသခဲ့တာပါ။ လေးနှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့တဲ့…

ဘာလီကျွန်းက ဘုရားကျောင်းဝတ်ပြုဆုတောင်းပွဲမှာ ဝတ်လစ်စလစ်ချွတ်ချခဲ့တဲ့ အမျိုးသမီးတစ်ဦးကိုဖမ်းဆီ

းဂျာကာတာ၊ မေ(၂၈)အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ဘာသာရေးကျောင်းတစ်ခုရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ဝတ်လစ်စလစ် ချွတ်ချခဲ့တဲ့ ဂျာမန်ခရီးသွားဧည့်သည်တစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအသက် ၂၈ နှစ်အရွယ် အမျိုးသမီးဟာ ဘာသာရေးကျောင်းမှာ ဖြစ်ပျက်ခဲ့မှုတွေကို ငြင်းဆန်ခဲ့ပြီး လုံခြုံရေးတွေထံကနေ ဖြတ်သွားချိန်မှာတော့ အဝတ်အစားတွေကို ချွတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။ ဘာသာရေးအခမ်းအနားရဲ့ သရုပ်ဖော်တင်ဆက်မှုမှာ ဝတ်လစ်စလစ်ချွတ်ကာ ပြုမူခဲ့တဲ့ သူမကို ဖမ်းဆီးခဲ့ပြီး အူဘတ်ခရိုင်ခွဲရှိ ရဲစခန်းသို့…

ပေါင်မြို့နယ်မှာ အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

ပေါင်၊ မေ(၂၈) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာမှာ မေ ၂၆ ရက်နေ့ ည ၈ နာရီလောက်က စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ တံခွန်တိုင်ကျေးရွာမှာနေထိုင်တဲ့ အင်းဗြောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိကို ဆိုင်ကယ် ၂ စီးနဲ့ လာတဲ့ သေနတ်သမားတွေက နေအိမ်ပေါ်တက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။ သေနတ်နဲ့ပစ်ခတ်စဉ်…

ဘီးလင်းမှာနှစ်ဖက်ပစ်ခတ်မှုကြောင့် ကလေး ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရ

ဘီးလင်း၊ မေ(၂၈) မွန်ပြည်နယ် ဘီးလင်းမြို့နယ်ထဲမှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် ကလေး ၂ ဦး သေ ဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ KNU သထုံခရိုင် မိတ်ဖက်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီကနေ သိရပါတယ်။ မေ ၂၇ ရက်နေ့ မနက်ပိုင်းမှာ ဘီးလင်းမြို့နယ် ဒေါင်းရွာကျေးရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊…

CDM ထပ်မရှိရေး စစ်ကောင်စီတပ်တွင်း တိုးမြှင့်ကန့်သတ်မှုတွေရှိလာ

မော်လမြိုင်၊ မေ(၂၈) အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ စစ်ကောင်စီတပ်သားတွေ ပါဝင်လာတာ ပိုမိုများလာတာနဲ့အမျှ စစ်ကောင်စီတပ်တွင်း တိုးမြှင့်ကန့်သတ်ဖိနှိပ်မှုတွေ ပိုမိုလုပ်ဆောင်လာတယ်လို့ CDM အသိုင်းအဝိုင်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သင်္ကြန်ကာလအတွင်း တပ်တွင်းပျော်ပွဲရွှင်ပွဲတွေနဲ့ ဖြေလျော့မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ဧပြီနှောင်းပိုင်မှာ စစ်ကောင်စီတပ်ကနေ CDM လုပ်လာသူတွေ ပိုမိုများလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီဟာ တပ်ပြေးနဲ့ CDM…

ပြည်တွင်းရွှေဈေး အတက်ကြမ်းနေ

မော်လမြိုင်၊ မေ(၂၈) ဒေါ်လာဈေးနှုန်း မြင့်တက်လာမှုကြောင့် အခုရက်ပိုင်းအတွင်း ပြည်တွင်းရွှေဈေးဟာ မီးလင်းအ ခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းအထိ ဈေးနှုန်းခုန်တက်လာပြီး ဈေးနှုန်းမတည်ငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ရွှေဈေးနှုန်းဟာ သင်္ကြန်ပြီးနောက် တစ်ကျပ်သား ကျပ် ၂၉ သိန်းဝန်းကျင်သာ ရှိရာကနေ မေလနောက်ဆုံးအပတ်မှာတော့ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းအထိ…

ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကုန်တင်ယာဉ်တစ်စီးမိုင်းဆွဲခံရပြီး ၂ ဦး သေဆုံး

သထုံ၊ မေ(၂၈) မွန်ပြည်နယ် သထုံမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ကုန်တင်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ မေ ၂၆ ရက်နေ့ ည ၉ နာရီအချိန်လောက်က ဘီးလင်းမြို့နယ်ကနေ သထုံမြို့နယ်ထဲသို့ မောင်းဝင်လာတဲ့ ၂၂ဘီးကား ကုန်တင်ယာဉ်ဟာ မိုးကောင်းကျေးရွာအုပ်စုအရောက်မှာ…