May 2023

မြန်မာ့အရေးမတည်ငြိမ်မှုကြောင့် ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ဆက်လက်မြင့်တက် နေ

မြဝတီ၊ မေ(၃၀) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းကာလအတွင်း နိုင်ငံရေးမတည်ငြိမ်တာအပြင် စီးပွားရေးအကျပ် အတည်းတွေကြောင့် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံထဲ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှု ဆက်လက်မြင့်တက်နေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ထိုင်းနိုင်ငံထဲကို အခုမေလအတွင်း ထိုင်း-မြန်မာ နယ်စပ်ကနေတစ်ဆင့် တရားမဝင်ဖြတ်ကျော်ဝင်ရောက်လာနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား အများအပြားကို ထိုင်းနယ်မြေခံလုံခြုံရေးအဖွဲ့တွေက အစုလိုက်အပြုံအလိုက် ဖမ်းဆီးရမိတာတွေ ဆက်လက်ဖြစ်ပေါ်နေတာပါ။ ပြီးခဲ့တဲ့ မေလ(၂၄)ရက်နေ့က ထိုင်းနိုင်ငံ၊…

ပူတင်နဲ့ တခါးပိတ်ဆွေးနွေးပြီးနောက် ဘီလာရုစ်သမ္မတ ဆေးရုံးအရေးပေါ်တက်ရောက်နေရ

မော်စကို – မေ(၃၀) ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ ရုရှားခေါင်းဆောင်နဲ့ တံခါးပိတ်ဆွေးနွေးပြီး နောက် ဆေးရုံကို အရေးပေါ်တက်ရောက်ကုသနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ “ပဏာမရရှိတဲ့ အချက်အလက်အရ လူကာရှန်ကိုအား ရုရှားသမ္မတပူတင်နှင့် တံခါးပိတ်တွေ့ဆုံ ပြီးနောက် မော်စကိုရှိ Central Clinical Hospital သို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ လက်ရှိ တွင်ထိုနေရာတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်”…

မော်လမြိုင်-ရေးကားလမ်းမှာ ကုန်တင်ကားနှစ်စီးပစ်ခတ်ခံရပြီး တစ်စီးမီးရှို့ဖျက်ဆီးခံရ

သံဖြူဇရပ်၊ မေ(၃၀) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာအနီး မော်လမြိုင်-ရေးကားလမ်းမှာ မေ ၂၉ ရက်နေ့ မနက်ပိုင်းက ကုန်တင်ကားနှစ်စီးပစ်ခတ်ခံရပြီး တစ်စီးမီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၇ နာရီလောက်မှာ ရေးမြို့နယ်ကနေ မော်လမြိုင်ဘက်သို့ မောင်းနှင်းလာတဲ့ ၆ ဘီး ကုန်တင်ယာဉ် ၂ စီးဟာ အေးကမ္ဘာကျေးရွာအနီးမှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာပါ။…

မြဝတီမြို့တောင်ဘက်က စစ်ကောင်စီအထိုင်စခန်း ၃ ခု တိုက်ခိုက်ခံရ

မြဝတီ၊ မေ(၃၀) ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်ခြမ်းရှိ စစ်ကောင်စီတပ်ရဲ့ အထိုင်တပ်စခန်းတွေကို KNLA KNDO နဲ့ Federal Wings Drone ပူးပေါင်းတပ်ဖွဲ့တွေက စစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က တပ်ရင်းမှူးအပါအဝင် (၉)ဦး သေဆုံးသွားခဲ့တယ်လို့ Federal Wings Drone အဖွဲ့က ထုတ်ပြန်ပါတယ်။ မေလ(၂၃)ရက်နေ့ကစပြီး မြဝတီမြို့တောင်ဘက် စစ်ကောင်စီတပ်ရဲ့ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းကုန်းနဲ့ ကနဲလေးစခန်းတွေကို KNLA…

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့

မဏိပူရ၊ မေ(၃၀) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ မဏိပူရပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း တိုက်ခိုက်ရေးသမား ဒါဇင်နှင့်ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ (၃)ရက်နေ့မှာ လူမျိုးစုအချင်းချင်းအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးကတည်းက ပြည်နယ်ဟာ စီးပွားရေးခွဲတမ်း တိုးပေးမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး လူမျိုးစုတွေနဲ့ တိုင်းရင်းသားအများစုဖြစ်တဲ့ မိန်တိမ်း လူမျိုးတွေကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဆူပူအုံကြွမှုတွေမှာ ဒါဇင်နဲ့ချီသေဆုံးပြီး ထောင်နဲ့ချီ…

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ ဂျပန်အစိုးရ ပြင်ဆင်နေ

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ ဂျပန်အစိုးရ ပြင်ဆင်နေ တိုကျို – မေ(၃၀) မြောက်ကိုရီးယားနိုင်ငံက မေလ(၃၁) ရက်နေ့ကစပြီး ဇွန်လ(၁၁) ရက်နေ့အထိဂြိုလ်တုလွှတ်တင် ရေး အစီအစဉ်ကိုကြေညာခဲ့ပြီးနောက် နိုင်ငံနယ်နိမိတ်ကိုထိပါးလာနိုင်တဲ့ပဲ့ထိန်းဒုံးတွေကိုပစ်ခတ် ဖြိုခွင်းသွားနိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။ နျူကလီးယား လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို တပ်ဆင်ပြီးကြောင်းနဲ့ ခေါင်းဆောင်…

ပူတင်နဲ့ တခါးပိတ်ဆွေးနွေးပြီးနောက် ဘီလာရုစ်သမ္မတ ဆေးရုံးအရေးပေါ်တက်ရောက်နေရ

မော်စကို – မေ(၃၀) ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ ရုရှားခေါင်းဆောင်နဲ့ တံခါးပိတ်ဆွေးနွေးပြီး နောက် ဆေးရုံကို အရေးပေါ်တက်ရောက်ကုသနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ “ပဏာမရရှိတဲ့ အချက်အလက်အရ လူကာရှန်ကိုအား ရုရှားသမ္မတပူတင်နှင့် တံခါးပိတ်တွေ့ဆုံ ပြီးနောက် မော်စကိုရှိ Central Clinical Hospital သို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ လက်ရှိ တွင်ထိုနေရာတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်”…

အမှတ်(၁) စစ်ဒေသမှာ စစ်ကောင်စီဘက်က (၅၀၀) ကျော်သေဆုံးတယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်း – မေ(၂၉) ၂၀၂၃ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၅၂၇) ဦးသေဆုံးပြီး (၈၀၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲပေါင်း (၄၁၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာခဲ့တာပါ။ အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့…