ပြည်သူတွေအခက်အခဲ ဘေးဒုက္ခကြုံနေရချိန် အကောင်းဆုံးကာကွယ်ပေးဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ်ပြော
မော်လမြိုင် – မေ(၁၉) မုန်တိုင်းကြောင့် သေကြေထိခိုက်မှု၊ပျက်စီးဆုံးရှုံးမှုတွေနဲ့ မုန်တိုင်းနောက်ဆက်တွဲအကျိုးဆက်တွေ ကိုရင်ဆိုင်နေရတဲ့ မုန်တိုင်းသင့်ဒေသက ပြည်သူတစ်ရပ်လုံးအတွက်များစွာစိတ်မကောင်းဖြစ်ရသလို ပြည်သူတွေအခက်အခဲ ဘေးဒုက္ခကြုံတွေ့နေရချိန်မှာ အကောင်းဆုံးကာကွယ်ပေးဖို့လိုအပ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၈) ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ကအခုလိုပြောခဲ့တာပါ။ “အမျိုးသားညီညွတ်ရေးအစိုးရက တရားမျှတမှု အတွက် တိုက်ပွဲဝင်နေကြတဲ့…