May 2023

မုန်တိုင်းသင့်ရခိုင်ဒေသကို ကူညီခွင့်ရဖို့ စစ်ကောင်စီခွင့်ပြုချက် စောင့်ဆိုင်းနေရ

စစ်တွေ၊ မေ(၂၀) မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသအသီးသီးကို လူသားချင်းစာနာမှု အကူအညီအတွေပေးဖို့ အဆင်သင့်ဖြစ်နေပေမယ့် စစ်ကောင်စီကနေ ခွင့်ပြုချက်ရရှိဖို့ ညှိနှိုင်းနေဆဲလို့ ကုလသမဂ္ဂ လူ သားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က မေ ၁၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ မုန်တိုင်းဒဏ်သင့် ဒေသအတွင်းရှိ ပြည်သူတွေကို ကူညီနိုင်ဖို့ အတားအဆီးမရှိ အချိန်မီသွားရောက်ခွင့် အရေးပေါ်လိုအပ်နေပြီး ကွင်းဆင်းလေ့လာမှုတွေ…

ရေးမြို့နယ်ထဲက ရဲစခန်းအများစုကို စစ်ကောင်စီလက်လွှတ်

ရေး၊ မေ(၂၀) စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက ရဲစခန်းအများစုကို စစ်ကောင်စီရဲ တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာသွားကြပြီး ရေးမြို့မရဲစခန်းတစ်ခုမှာပဲ တပ်စွဲနေထိုင်နေတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။ နယ်မြေရဲစခန်းနဲ့ ရဲကင်းပေါင်း ၆ ခုထက်မနည်းရှိတဲ့ ရေးမြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ရဲစခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏ လာရောက်တိုက်ခိုက်နေတာကြောင့် စခန်းစွန့်ခွာသွားကြတာ ဖြစ်ပါတယ်။ သံလွင်တိုင်းမ်က စုံစမ်းမေးမြန်းမှုအရ ခေါဇာ၊ ကျောင်းရွာ၊…

ပုလောမှာ ဆန်ဈေးနှစ်ဆတက်၊ ကျေးရွာတွေဘက်မှာ ဝယ်ယူရပိုမိုခက်ခဲလာ

ပုလော၊ မေ(၂၀) စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲမှာ မေလဒုတိယအ ပတ်ကပြီး ဆန်ဈေးနှုန်းနှစ်ဆနီးပါး မြင့်တက်လာသလို ကျေးရွာတွေဘက်မှာ ဝယ်ယူဖို့ပိုမိုခက်ခဲလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဆန်ဈေးနှုန်းဟာ ပြီးခဲ့တဲ့ကာလတွေတုန်းက ပေါ်ဆန်းတစ်အိတ်ကို ကျပ်တစ်သိန်းသာရှိရာကနေ လက်ရှိမှာတော့ တစ်အိတ်ကို ကျပ်တစ်သိန်းခွဲကျော်အထိ ဈေးနှုန်းမြင့်တက်လာလို ဆန်ကြမ်းကလည်း တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကျော်ကနေ ကျပ်တစ်သိန်းကျော်အထိ ဈေးတက်လာတာ…

ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းရဲ့နေအိမ်ကို ပါကစ္စတန်ရဲတပ်ဖွဲ့ ရှာဖွေစစ်ဆေး

ကရာချိ၊ မေ(၂၀) ပါကစ္စတန်နိုင်ငံဟာ နိုင်ငံရေးနဲ့စီးပွားရေး မတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ အကြမ်း ဖက်မှုတွေဟာ ပိုမိုဖြစ်ပွားလာနိုင်တဲ့ စစ်ဆင်ရေးတစ်ရပ်အတွက် ပါကစ္စတန်ရဲတပ်ဖွဲ့က မေလ (၁၉)ရက်နေ့မှာလာဟိုးမြို့ရှိ ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းရဲ့နေအိမ်ကို ရှာဖွေဖို့ စီစဉ်နေကြောင်း ပြည်နယ်အစိုးရအရာရှိတစ်ဦးက ပြောပါတယ်။ မြို့တော်ရဲမင်းကြီးဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင် ရာပေါင်းများစွာဟာ သောကြာနေ့နှောင်းပိုင်းမှာ ရှာဖွေမှု စစ်ဆင်ရေးကို လုပ်ဆောင်မှာဖြစ်တယ်လို့ ပန်ဂျပ်ပြည်နယ် ပြန်ကြားရေးဝန်ကြီးက ဆိုပါတယ်။ “အဲဒီမှာ…

မြန်မာနိုင်ငံကို လက်နက်စီးဝင်းမှု တားဆီးရေးလုပ်ဆောင်ထားပြီးဖြစ်တယ်လို့ စင်္ကာပူက ကုလ ကိုတုံ့ပြန်

စင်္ကာပူ – မေ(၂၀) မြန်မာစစ်ခေါင်းဆောင်ရဲ့ လက်နက်စက်ရုံတွေကို အရေးကြီးတဲ့ အထောက်အပံ့ တွေပံ့ပိုးပေးနေ တယ်လို့ ကုလအစီရင်ခံစာထွက်ပေါ်လာပြီးနောက် မြန်မာနိုင်ငံထဲကို လက်နက်စီး ဆင်းမှုတွေ ကာကွယ်ဖို့ လုပ်ဆောင်နေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ခဲ့ပါတယ်။ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်မှာ နိုင်ငံအနေနဲ့ အပြစ်မဲ့ ပြည် သူတွေကို နှိမ်နင်းဖို့အတွက် လက်နက်အင်အားအသုံးပြုနေတဲ့ မြန်မာစစ်တပ်ကို ဆန့်ကျင် တဲ့ ရပ်တည်ချက်ကို…

အာရှအလယ်ပိုင်း ဖွံ့ဖြိုးရေး တရုတ်ခေါင်းဆောင် အစီအစဉ်အသစ်ကြေညာ

ပေကျင်း – မေ(၂၀) တရုတ်သမ္မတ ရှီကျင်းဖျင်ဟာ အခြေခံအဆောက်အအုံတည်ဆောက်တာကနေ ကုန်သွယ်မှု မြှင့်တင်တာတွေအထိ အာရှအလယ်ပိုင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားတဲ့ အစီအစဉ်ကို ထုတ်ဖော်ခဲ့ပြီး အစဉ်အလာအရ ရုရှားဩဇာလွှမ်းမိုးမှုရှိတဲ့ ဒေသတွင်း ခေါင်းဆောင်မှု အခန်း ကဏ္ဍအသစ်ကို ရယူခဲ့ပါတယ်။ အာရှအလယ်ပိုင်းနိုင်ငံတွေဖြစ်တဲ့ ကာဇက်စတန်၊ကာဂျစ်စတန်၊တာဂျစ်ကစ္စတန်၊တာ့ခ်မင်နစ္စ တန်နဲ့ ဥဇဘတ်ကစ္စတန်တို့ကို ခေတ်မီအောင်မြှင့်တင်ဖို့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မဟာဗျူဟာ တွေညှိနှိုင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းမှာ…

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယရေတပ်သင်္ဘောရောက်ရှိ

ရန်ကုန် – မေ(၁၉) မိုခါမုန်တိုင်းဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးဖို့ အိန္ဒိယရေတပ်သင်္ဘော(၃) စင်း ရန်ကုန်မြို့ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာ တွေမှာဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၈) ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး ကယ်ဆယ်ရေးဆိုင်ရာပစ္စည်းတွေဖြစ်တဲ့ အရေးပေါ် အစားအစာ၊မိုးကာတဲတွေ၊ရွှေ့ပြောင်းရလွယ်တဲ့ မီးစက်တွေ၊ အဝတ်အထည်တွေ၊ ရေစုပ်စက်၊ဆေးဝါး၊တာပေါလင်စတွေ၊ တကိုယ်ရည်သုံး ကျန်းမာရေးပစ္စည်း၊ ဘီတပ် ထိုင်ခုံ တွေနဲ့ Mask…

KNDF တပ်ရင်းကျတယ်လို့ စစ်ကောင်စီ လော်ဘီတွေ သတင်းအမှားဖြန့်နေ အမှန်/အမှား

မင်္ဂလာပါရှင့်။သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ “KNDF တပ်ရင်း ၁၁ကတပ်ရင်း မှူးအပါအဝင် တပ်စုမှူးများ တပ်ရင်းတစ်လုံးနီးပါး တပ်မတော်၏ ချေမှုန်းခြင်းခံလိုက်ရ“ ဆိုပြီး ဖြန့်ချိနေတဲ့ဓာတ်ပုံပါအကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။…