မော်လမြိုင်၊ မေ (၃၀)
ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုအားကောင်းနေပြီး မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာ တစ်လျှောက်ဒေသတွေမှာ မေ လ (၃၀)ရက်နေ့မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက် ခတ်တာ၊ မိုးထစ်ချုန်းတာတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ဒီနေ့ မွန်းလွဲ (၁)နာရီခန့်ကစပြီး ရန်ကုန် အပါအဝင် ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ နေပြည်တော်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည် နယ်၊ ကယားပြည်နယ်တို့မှာ နေရာအတော်တော်များ များမှာ မိုးရွာသွန်း ခဲ့ပြီး မန္တလေး၊ မကွေး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နဲ့ ချင်းပြည်နယ်ရှိ နေရာအနည်းငယ်တို့မှာ မိုးရွာသွန်းခဲ့တာပါ။
ဒါ့အပြင်ကျန်တဲ့ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာလည်း နေရာကွက်ကျား မိုးကြီးနိုင်မယ်လို့ စစ်ကောင် စီလက်အောက်ခံ မိုး/ဇလဌာနက ဆိုထားပါတယ်။
ဒါ့အပြင် မိုးတိမ်တောင်တွေ ရွေ့လျားရာနေရာ တစ် လျှောက်မှာ မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်းတိုက် ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာတွေလည်း ဆက်လက် ဖြစ်ပေါ်လာနိုင်တယ်လို့လည်း မိုး/ဇလ ဌာနက ထုတ်ပြန်ထားပါတယ်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ဒီနေ့မွန်း တည့်ချိန်ကနေ (၂၄) နာရီအတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး လှိုင်းကြီးနိုင်တယ်လို့လည်း ဆိုထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါ တစ်ရံ မိုးသက်လေပြင်းကျရောက်ပြီးလှိုင်းကြီးနိုသလို မိုးသက် လေပြင်းကျစဉ် ရေပြင် / မြေပြင်လေဟာ တစ်နာရီလျှင် (၃၅)မိုင်အထိတိုက်ခတ်နိုင်တယ်လို့လည်း ပြောကြားထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- CJ