ရန်ကုန် – မေ(၃၀)
ရန်ကုန်မြို့၊ သင်္ယန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရပ်ကွက်၊ မင်းဒင်(၃) လမ်းမှာ PDF တပ်ဖွဲ့ဝင် (၄) ဦးဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာ ထုတ်ပြန်လာပါ တယ်။
စစ်ကောင်စီက သူတို့နဲ့အတူ ခဲယမ်း၊ ဒရုန်းနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံလိုက်ရတဲ့သူတွေဟာ ဘယ်အဖွဲ့အစည်းကဖြစ်တယ်ဆိုတာ ထုတ်ပြန်ထားတာမရှိသေးပါဘူး။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၂) သောင်းကျော် ဖမ်းဆီးခံထားရ ပြီး (၆၀၀) နီးပါးသတ်ဖြတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် မီဒီယာ