မော်စကို – မေ(၃၀)

ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ ရုရှားခေါင်းဆောင်နဲ့ တံခါးပိတ်ဆွေးနွေးပြီး နောက် ဆေးရုံကို အရေးပေါ်တက်ရောက်ကုသနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

“ပဏာမရရှိတဲ့ အချက်အလက်အရ လူကာရှန်ကိုအား ရုရှားသမ္မတပူတင်နှင့် တံခါးပိတ်တွေ့ဆုံ ပြီးနောက် မော်စကိုရှိ Central Clinical Hospital သို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ လက်ရှိ တွင်ထိုနေရာတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်” လို့ ဘီလာရုစ်အတိုက်အခံခေါင်းဆောင် ဗယ်လာရီဆပ်ကာလို က ပြောပါတယ်။

ဘီလာရုစ်သမ္မတရဲ့ စိုးရိမ်ရတဲ့ အခြေအနေကို ကျွမ်းကျင်သူတွေရဲ့ ကိုင်ကွယ်စောင့်ရှောက်မှု အောက်မှာ ရှိနေပြီး သွေးသန့်စင်မှု လုပ်ငန်းစဉ်တွေ ဆောင်ရွက်ခဲ့တယ်လို့ သတင်းတွေက ဆိုကြ ပါတယ်။

“ဘီလာရုစ်အာဏာရှင်ကို ကယ်တင်ရန် ကြိုးပမ်းမှုဟာ ကရင်မလင်က သူ၏ အဆိပ်ခတ်ခံ ရမှုတွင် ပါဝင်ပတ်သက်နေသည်ဟု ထင်မြင်ယူဆချက်များကို ချေဖျက်ဖို့ရည်ရွယ်တာ” လို့ ဗယ်လာရီကပြောပါသေးတယ်။

သမ္မတ လူကာရှန်ကိုရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကောလဟာတွေဟာ မကြာသေးမီက ထွက်ပေါ်ထားပြီး ဒီလအစောပိုင်းက မော်စကိုမှာ အောင်ပွဲခံ အခမ်းအနားကျင်းပပြီးနောက် ဘီလာရုစ်သမ္မတက ရုရှားနိုင်ငံက စောလျင်စွာ ထွက်ခွာခဲ့တာ၊ ပူတင်နဲ့ နေ့လည်စာ ဖျက်လိုက် တာနဲ့ သိသိသာသာ မောပန်းနွမ်းနယ်နေပုံတွေအပြင် ညာဘက်လက်မှာ ပတ်တီးနဲ့ ပုံတွေကို မီဒီယာတော်တော်များများမှာ ဖော်ပြထားတာဖြစ်ပါတယ်။

နောက်ပိုင်းမှာ ကာလဟာလတွေကို ဘီလာရုစ်ခေါင်းဆောင်က ပယ်ချထားပြီး အတိုက်အခံတွေ အနေနဲ့ သူ့ကို အချိန်အကြာကြီး ရင်ဆိုင်ရုန်းကန်ရမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

လူကာရှန်ကိုဟာ သာမာန်အအေမိဗိုင်းရပ်စ် တစ်မျိုးဖြစ်နေတာကို မီဒီယာတွေရဲ့ ဖော်ပြချက် အရ သိရပြီး “တစ်ယောက်ယောက်က ကျွန်တော်သေတော့မယ်လို့ထင်ရင် စိတ်အေးအေးထား ပါ” လို့ သူက တုန့်ပြန်ခဲ့ပါတယ်။

Ref: Oneindia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.