စစ်ကိုင်း – မေ(၂၉) ၂၀၂၃ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၅၂၇) ဦးသေဆုံးပြီး (၈၀၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲပေါင်း (၄၁၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာခဲ့တာပါ။

အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF၊ပ.က.ဖ နဲ့ EROs ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲတွေအတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က (၃၉) ဦးအသက်ပေးလှူခဲ့ရကာ (၁၃၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အမှတ်(၁) စစ်ဒေစသဖြစ်တဲ့ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ရှမ်းပြည် နယ်မြောက်ပိုင်းတို့မှာ ဖြစ်ပွားခဲ့တဲ့ အချက်အလက်တွေကို ဖော်ပြခဲ့တာဖြစ်ပြီး ရန်သူ့ဆီက လက်နက် မျိုးစုံ (၄၉) လက်အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထား ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အမှတ်(၁) စစ်ဒေသမှာ စစ်ကောင်စီနဲ့ တိုက်ပွဲပေါင်း (၄၃၇) ကြိမ်ဖြစ် ပွားပြီး စစ်ကောင်စီဘက်က (၆၁၂) ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.