လန်ကာဝီ၊ မေ(၂၈)

ကမ္ဘာ့အနှံအပြားမှာ ဘူမိနိုင်ငံရေးတင်းအားတွေမြင့်တက်လာချိန်မှာပဲ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လက်နက်ပြပွဲဟာ ကြီးမားတဲ့စိတ်ဝင်စားမှုတွေကို ဖြစ်ပေါ်စေ ခဲ့ပါတယ်။

မလေးရှားနိုင်ငံရဲ့အကြီးဆုံးလည်းဖြစ်ပြပွဲလည်းဖြစ်တဲ့ အခုနှစ်လန်ကာဝီအပြည်ပြည်ဆိုင်ရာရေကြောင်းနဲ့ အာကာသဆိုင်ရာ ပြပွဲမှာ နိုင်ငံပေါင်း ၃၀ ကျော်မှ ကုမ္ပဏီ ၅၀၀ ကျော်တို့က သူတို့ရဲ့ စစ်ရေးလက်နက်ဆိုင်ရာ Hardware နဲ့ Software နည်းပညာတွေကို ပြသခဲ့တာပါ။

လေးနှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့တဲ့ အဲဒီလက်နက်ပြပွဲဟာ ဒေသတွင်း စစ်လက်နက်အသုံးစရိတ်တွေကို မြှင့်တင်လိုတဲ့ ကာကွယ်ရေးအကြီးအကဲတွေကို ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၅ ရက်တာ ကျင်းပမယ့် လက်နက်ပြပွဲမှာ အမေရိကန် ၄ ဘီလီယမ်တန်ဖိုးရှိတဲ့ အပေးအယူနဲ့ သဘော တူညီချက်တွေကို ပြုလုပ်နိုင်ရန်မျှော်လင့်ထားပြီး အဲဒီလက်နက်ပြပွဲဟာ ဒီကနေ့မေလ ၂၇ ရက်နေ့မှာ ပြီးဆုံးခဲ့တာပါ။

မလေးရှားနိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ GDP ရဲ့ ၁ ရာခိုင်နှုန်းထက်ပိုပြီး အသုံးမပြုဖို့ အစဉ်အလာအရ ထိန်းသိမ်းထားခဲ့ပြီး အခုနှစ်မှာ အဲဒီကာကွယ်ရေးဘတ်ဂျက်ကို ၁၀ ရာခိုင်နှုန်းအ ထိတိုးမြှင့်ထားခဲ့တယ်လို့ သိရပါတယ်။

အခုလိုပြပွဲလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လက်ရှိနိုင်ငံရဲ့ စစ်သုံးပစ္စည်းတွေဟာ အိုဟောင်းပြီး ခေတ်မမှီ တော့တဲ့အတွက် စစ်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးမှာ စနစ်ပိုင်းဆိုင်ရာ မြင့်တင်ဖို့လိုအပ်လာတာကြောင့် ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

ဒီလိုဘတ်ဂျက်ပြင်ဆင်မှုတွေနဲ့အတူ မလေးရှားဟာ တောင်ကိုရီးယားမှ FA50 ဖိုက်တာဂျက်လေယာဉ် ၁၈ စင်းကို မှာယူထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ကလည်း တောင်ကိုရီးယား အာကာသလုပ်ငန်းစုမှ အလားတူ ဝယ်ယူမှုတွေကို ပြုလုပ်ထားပြီး အဲဒီနိုင်ငံတွေဟာလည်း ကမ္ဘာလုံးဆိုင်ရာ ဘူမိနိုင်ငံရေးတင်းအားတွေ မြင့် တက်လာချိန်မှာ ကာကွယ်ရေး အသုံးစရိတ်ပြင်ဆင်မှုတွေကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.