May 29, 2023

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက ရုန်းရင်းဆန်ခတ်မှုတွေအတွင်း လူဒါဇင်နဲ့ချီ သေဆုံးခဲ့

မဏိပူရ၊ မေ(၃၀) အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီတဲ့ မဏိပူရပြည်နယ်မှာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအတွင်း တိုက်ခိုက်ရေးသမား ဒါဇင်နှင့်ချီ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မေလ (၃)ရက်နေ့မှာ လူမျိုးစုအချင်းချင်းအကြမ်းဖက်မှုတွေ ဖြစ်ပွားပြီးကတည်းက ပြည်နယ်ဟာ စီးပွားရေးခွဲတမ်း တိုးပေးမယ့်အစီအစဉ်နဲ့ ပတ်သက်ပြီး လူမျိုးစုတွေနဲ့ တိုင်းရင်းသားအများစုဖြစ်တဲ့ မိန်တိမ်း လူမျိုးတွေကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဆူပူအုံကြွမှုတွေမှာ ဒါဇင်နဲ့ချီသေဆုံးပြီး ထောင်နဲ့ချီ…

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ ဂျပန်အစိုးရ ပြင်ဆင်နေ

မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးတွေကို ပစ်ခတ်ဖြိုခွင်းဖို့ ဂျပန်အစိုးရ ပြင်ဆင်နေ တိုကျို – မေ(၃၀) မြောက်ကိုရီးယားနိုင်ငံက မေလ(၃၁) ရက်နေ့ကစပြီး ဇွန်လ(၁၁) ရက်နေ့အထိဂြိုလ်တုလွှတ်တင် ရေး အစီအစဉ်ကိုကြေညာခဲ့ပြီးနောက် နိုင်ငံနယ်နိမိတ်ကိုထိပါးလာနိုင်တဲ့ပဲ့ထိန်းဒုံးတွေကိုပစ်ခတ် ဖြိုခွင်းသွားနိုင်ဖို့ ပြင်ဆင်မှုတွေ ဆောင်ရွက်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ပြော ပါတယ်။ နျူကလီးယား လက်နက်တပ်ဆင်ထားတဲ့ မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ ထောက်လှမ်းရေး ဂြိုလ်တုကို တပ်ဆင်ပြီးကြောင်းနဲ့ ခေါင်းဆောင်…

ပူတင်နဲ့ တခါးပိတ်ဆွေးနွေးပြီးနောက် ဘီလာရုစ်သမ္မတ ဆေးရုံးအရေးပေါ်တက်ရောက်နေရ

မော်စကို – မေ(၃၀) ဘီလာရုစ်သမ္မတ အလက်ဇန်းဒါးလူကာရှန်ကိုဟာ ရုရှားခေါင်းဆောင်နဲ့ တံခါးပိတ်ဆွေးနွေးပြီး နောက် ဆေးရုံကို အရေးပေါ်တက်ရောက်ကုသနေရပြီး စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ “ပဏာမရရှိတဲ့ အချက်အလက်အရ လူကာရှန်ကိုအား ရုရှားသမ္မတပူတင်နှင့် တံခါးပိတ်တွေ့ဆုံ ပြီးနောက် မော်စကိုရှိ Central Clinical Hospital သို့ အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။ လက်ရှိ တွင်ထိုနေရာတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်သည်”…

အမှတ်(၁) စစ်ဒေသမှာ စစ်ကောင်စီဘက်က (၅၀၀) ကျော်သေဆုံးတယ်လို့ NUG ထုတ်ပြန်

စစ်ကိုင်း – မေ(၂၉) ၂၀၂၃ ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က (၅၂၇) ဦးသေဆုံးပြီး (၈၀၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဟာ တိုက်ပွဲပေါင်း (၄၁၅) ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အထိနာခဲ့တာပါ။ အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့…

ဂျပန်ရောက် ဘောလုံးအားကစားဝါသနာရှင်စုစည်းပြီး တော်လှန်ရေး ထောက်ပို့ ရံပုံငွေ ဖူဆယ်ဘောလုံးပွဲ ကျင်းပ

+++++++++++ ကော့သူလေးကရင်တပ်မတော် လက်အောက်ရှိ Lion Battalion Commando Special Force အတွက် ရည်ရွယ်ပြီး ထောက်ပို့ ရံပုံငွေ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဒီကနေ့ မေလ ၂၈ ရက်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။ အဲဒီ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံရှိ Fairness Gunma FC နှင့် MNSO Tokyo FC တို့က ပူးပေါင်း…

“သူကတော့ သူ့မူလပေါ်လစီအတိုင်းပဲ မြန်မာဘက်က စစ်ခေါင်းဆောင်တွေနဲ့ ပေါင်းစပ်တယ်။ မျိုးဆက်သစ် Move Forward Party က တိုင်းပြည်ကိုအုပ်ချုပ်တဲ့ အနေအထား မရောက်မချင်းကတော့ ကျွန်တော်ပြည်သူ တွေအနေနဲ့ သတိထားသွားလာဖို့ လိုတယ်”

ထိုင်း-မြန်မာ နှစ်နိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ မေ ၂၅ ရက်နေ့မှာ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနဲ့ နယ်စပ်တလျှောက် တရားမဝင်ဝင်ထွက်သွားလာမှုတွေကို ပူးပေါင်းတားဆီးကာကွယ်ရေးအတွက် နှစ်ဖက်ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ တဖက်မှာတော့ မြန်မာရွှေ့ပြောင်းလုပ်သားတွေ အခုလထဲမှာ ဆက်တိုက် ဖမ်းဆီးခံရတာတွေ ရှိနေပါတယ်။ ဒါကြောင့် ထိုင်း – မြန်မာနှစ်နိုင်ငံရဲတပ်ဖွဲ့ရဲ့ တွေ့ဆုံဆွေးနွေးမှု အခြေအနေ၊ ဖြစ်လာနိုင်တဲ့ အကျိုးသက် ရောက်မှု၊ ရွေးကောက်ပွဲအနိုင်ရ…

မုန်တိုင်းကယ်ဆယ်ရေးအတွက် မွန်ပြည်သစ်ပါတီ AA ကို သိန်း(၅၀၀) လှူဒါန်း

မော်လမြိုင် – မေ(၂၈) ရခိုင်ဒေသကို တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း မိုခါ ဆိုင်ကလုန်းမုန်တိုင်း ကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ ဒေသတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အသုံးပြုဖို့ မွန်ပြည်သစ်ပါတီက ကျပ်သိန်း (၅၀၀) လှူဒါန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ မေလ(၁၄) ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါဆိုင်ကလုန်း မုန်တိုင်းကြောင့် ရခိုင်ပြည်နယ်က မြို့နယ် တော်တော်များများမှာ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တာပါ။ လက်ရှိအချိန်မှာ ရခိုင်အမျိုးသားအဖွဲ့ချုပ်…

မလေးရှားမှာ အကြီးစား နိုင်ငံတကာလက်နက်ပြပွဲပြုလုပ်

လန်ကာဝီ၊ မေ(၂၈) ကမ္ဘာ့အနှံအပြားမှာ ဘူမိနိုင်ငံရေးတင်းအားတွေမြင့်တက်လာချိန်မှာပဲ မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ နိုင်ငံတကာ လက်နက်ပြပွဲဟာ ကြီးမားတဲ့စိတ်ဝင်စားမှုတွေကို ဖြစ်ပေါ်စေ ခဲ့ပါတယ်။ မလေးရှားနိုင်ငံရဲ့အကြီးဆုံးလည်းဖြစ်ပြပွဲလည်းဖြစ်တဲ့ အခုနှစ်လန်ကာဝီအပြည်ပြည်ဆိုင်ရာရေကြောင်းနဲ့ အာကာသဆိုင်ရာ ပြပွဲမှာ နိုင်ငံပေါင်း ၃၀ ကျော်မှ ကုမ္ပဏီ ၅၀၀ ကျော်တို့က သူတို့ရဲ့ စစ်ရေးလက်နက်ဆိုင်ရာ Hardware နဲ့ Software နည်းပညာတွေကို ပြသခဲ့တာပါ။ လေးနှစ်ကျော်ကြာ ရပ်ဆိုင်းခဲ့တဲ့…