းဂျာကာတာ၊ မေ(၂၈)အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းက ဘာသာရေးကျောင်းတစ်ခုရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ဝတ်လစ်စလစ် ချွတ်ချခဲ့တဲ့ ဂျာမန်ခရီးသွားဧည့်သည်တစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဲဒီအသက် ၂၈ နှစ်အရွယ် အမျိုးသမီးဟာ ဘာသာရေးကျောင်းမှာ ဖြစ်ပျက်ခဲ့မှုတွေကို ငြင်းဆန်ခဲ့ပြီး လုံခြုံရေးတွေထံကနေ ဖြတ်သွားချိန်မှာတော့ အဝတ်အစားတွေကို ချွတ်ထားခြင်းမရှိဘူးလို့ သိရပါတယ်။

ဘာသာရေးအခမ်းအနားရဲ့ သရုပ်ဖော်တင်ဆက်မှုမှာ ဝတ်လစ်စလစ်ချွတ်ကာ ပြုမူခဲ့တဲ့ သူမကို ဖမ်းဆီးခဲ့ပြီး အူဘတ်ခရိုင်ခွဲရှိ ရဲစခန်းသို့ လွှဲပြောင်းပေးထားကြောင်းလည်း သိရပါတယ်။

သူမကို ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်ဖို့ ဆေးရုံသို့ မပို့ခင်မှာတော့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့တာပါ။

ဝတ်လစ်စလစ်ချွတ်ချခဲ့တဲ့ အမျိုးသမီးငယ်ကို မူးယစ်ဆေးဝါးနဲ့အရက်သောက်သုံးထားခြင်းရှိမရှိ ရဲတပ်ဖွဲ့မှ စစ်ဆေးခဲ့ပြီး အဲဒီစစ်ဆေးချက်တွေကို ပြည်သူလူထုထံသို့ ချပြခဲ့တာတော့ မရှိပါဘူး။

သူမဟာ လွန်ခဲ့တဲ့၂ နှစ်အတွင်းမှာလည်း ဂျာမနီနိုင်ငံရဲ့ အများသူငှာကို ညစ်ညမ်းစေတဲ့ ဥပဒေတစ်ခုကို ချိုးဖောက်ခဲ့တဲ့အတွက် အကျဉ်းထောင်မှာ ၂ နှစ် နဲ့ ၈ လခန့်အပြစ်ဒဏ်ခံခဲ့ရဖူးပါတယ်။

အင်ဒိုနီးရှားရဲ့ ဘာလီကျွန်းဟာ ကမ္ဘာလှည့်ခရီးသည်တွေအတွက် ရေပန်းစားတဲ့ အပန်းဖြေကျွန်းအဖြစ် ရှိနေဆဲဖြစ်ပြီး အခုနှစ်တွေမှာ အင်ဒိုနီးရှားနိုင်ငံသားတွေဟာ ခရီးသွားတွေရဲ့ မလျော်ကန်တဲ့ အပြုအမူတွေကို ထုတ်ဖော်ပြောနေခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလအစောပိုင်းကဘာလီကျွန်းပေါ်မှာ မလျော်မကန်ပြုမူခဲ့တဲ့ ရုရှားနိုင်ငံသားတစ်ဦးကို ပြည်တော်ပြန်ပို့ခဲ့ပြီး ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေအနေနဲ့ ယာဉ်မတော်တဆဖြစ်မှုကြောင့် သေဆုံးမှုတွေအထိဖြစ်နေတဲ့အတွက် ဆိုင်ကယ်စီးခွင့်ကိုလည်း တားမြစ်ထားတာဖြစ်ပါတယ်။

Ref,Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.