ပေါင်၊ မေ(၂၈)
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာမှာ မေ ၂၆ ရက်နေ့ ည ၈ နာရီလောက်က စစ်ကောင် စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တံခွန်တိုင်ကျေးရွာမှာနေထိုင်တဲ့ အင်းဗြောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိကို ဆိုင်ကယ် ၂ စီးနဲ့ လာတဲ့ သေနတ်သမားတွေက နေအိမ်ပေါ်တက်ပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ပစ်ခတ်စဉ် ဦးမိုးမိဟာထွက်ပြေးဖို့ ကြိုးပမ်းခဲ့ပေမယ့် အိမ်ခြံဝင်းအနီးမှာ ဦးခေါင်းကျည်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။
အုပ်ချုပ်ရေးမှူးဦးစိုးမိ သေနတ်နဲ့ပစ်သတ်ခံရပြီးနောက် မေ ၂၇ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက တံခွန်တိုင်ကျေးရွာအတွင်း ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ပြီးနောက် ပြန်လည်ထွက်ခွာသွားတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
အုပ်ချုပ်ရေးမှူးဦးစိုးမိကို ပစ်ခတ်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာ လက်ရှိအချိန်အထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
ပေါင်မြို့နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာပြည်သူစစ်ခေါင်းဆောင်တွေနဲ့ သတင်းပေးဒလန်တွေ မကြာခဏဆိုသလို ပစ်သတ်ခံရတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ