မော်လမြိုင် – မေ(၂၇)

အမှတ်(၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊မကွေး၊မန္တလေးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း (၄၃၇) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၆၁၂) ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသရဲ့ လစဉ်တိုက်ပွဲနဲ့ ထိခိုက်သေဆုံး အချက်အလက်အနှစ်ချုပ်အဖြစ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများခဲ့တဲ့အပြင် လက်နက်မျိုးစုံ (၂၇) လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အများ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထား ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က တော်လှန်ရေးအတွက် ရဲဘော်(၆၀)ဦး အသက်ပေးလှူခဲ့ရပြီး (၉၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

တိုက်ပွဲတွေကို အမှတ်(၁) စစ်ဒေသ ကွပ်ကဲမှုအောက်မှာရှိတဲ့ PDF၊ပ.က.ဖ နဲ့ EROs ပူးပေါင်းအဖွဲ့ တွေက စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.