FILE PHOTO: Russia's Deputy head of the Security Council Dmitry Medvedev speaks during a news conference in Vientiane, Laos, May 23, 2023. Sputnik/Yekaterina Shtukina/Pool via REUTERS

မော်စကို၊ မေ(၂၇)

ယူကရိန်းရှိ ကရင်မလင်စစ်ပွဲနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ပြတ်ပြတ်သားသား မှတ်ချက်ပေးလေ့ရှိတဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ပဋိပက္ခဟာ နှစ်ပေါင်းများစွာ ကြာနိုင်ဖွယ်ရှိတယ်လို့ မေလ ၂၆ ရက်နေ့ ပြောခဲ့ပါတယ်။

“ဒီပဋိပက္ခက တော်တော်ကို နှစ်ကြာလိမ့်မယ်၊ ဆယ်စုနှစ်တွေကြာတာလည်း ဖြစ်နိုင်ပါတယ်” လို့ ရုရှားသမ္မတ ဗလာဒီမာပူတင် လက်အောက်ရှိ ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲဖြစ်တဲ့ မက်ဗီဒက်က ဗီယက်နမ်ကို အလည်အပတ်ရောက်ရှိစဉ် ပြောခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းမီဒီယာ RIA Novosti က ဖော်ပြပါတယ်။

“ကိယက်ဗ်မှာ ပါဝါရှိသရွေ့ ဖြစ်နေလိမ့်မယ်၊ အပစ်အခတ်ရပ်စဲရေး သုံးနှစ်၊ ပဋိပက္ခ နှစ်နှစ်ရှိမယ်၊ ပြီးရင် အရာအားလုံး ပြန်ဖြစ်လာမှာပါ” လို့သူက ဖြည့်စွက်ပြောပါသေးတယ်။

ယူကရိန်းသမ္မတ ဗလာဒီမာ ဇီလန်းစကီးက အခုနှစ်အစောပိုင်းမှာ ပဋိပက္ခအဆုံးသတ်ဖို့ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်ကတော့စစ်ပွဲဟာ ရှည်လျားတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားတို့လို အေးစက်နေတဲ့ ပဋိပက္ခများစာရင်းမှာ ပါဝင်တဲ့ တိုက်ပွဲဟာ နှစ်ပေါင်းများစွာ ကြာနိုင်တယ်လို့ အမေရိကန်အရာရှိတွေကလည်း အလားတူ ပြောခဲ့ဖူးပါတယ်။

မက်ဗီဒက်ဟာ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီးအငြင်းပွားဖွယ်ရာ ကြေညာချက်တွေကို မကြာခဏ ပြုလုပ် လေ့ရှိသူဖြစ်ပါတယ်။ သူဟာ ရုရှားသမ္မတရဲ့ဆုံးဖြတ်ချက်တွေကို တရားဝင်စေကာ နိုင်ငံရေးအရ အရေးပါမှု အချို့ကို ထိန်းသိမ်းထားဖို့ ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဝေဖန်မှုတွေရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးကတော့ မက်ဗီဒက်အနေနဲ့ အရက်သောက်ပြီး ဆိုရှယ်မီဒီယာပေါ် မတင်သင့် ကြောင်း အခုလအစောပိုင်းက ပြောခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.