သည်ဟိတ် – မေ(၂၇)
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က နိုင်ငံခြားရေး ဝန်ကြီးရုံးနဲ့ ICJ ရုံးရှေ့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ပြီးခဲ့တဲ့ မေလ(၂၆) ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ၊ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို ICJ မှာ စစ်ဆေး အရေးယူဖို့နဲ့ မြန်မာနိုင်ငံအတွင်းကျူးလွန်ထားတဲ့ စစ်ပွဲနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စစ်အာဏာရှင်တွေကို ICC မှာ တရားစွဲဆိုပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – CJ