မော်လမြိုင် – မေ(၂၇) အာဏာသိမ်းစစ်ကောင်စီကျူးလွန်ထားတဲ့ လူ(၅)ဦးထက်မနည်း တပြိုင်တည်း သေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု(၁၄၇) ကြိမ်ရှိခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် လူ(၁၅၉၂) ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ပြည်သူတွေအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး အဲဒီဖြစ်စဉ်အများစုဟာ ဝက်လက်၊ယင်းမာပင်၊ ကလေး၊ဖားကန့်၊ကန့်ဘလူနဲ့ ပဲခူး တို့မှာ ဖြစ်ပွားခဲ့တာပါ။

အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေမှာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်ခံရမှုနဲ့ ပြည်သူတွေကို စစ်ကြောင်းထိုးပြီး အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ အစုလိုက်အပြုံသတ်ဖြတ်မှုဖြစ်စည် စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းမှာ လေကြောင်းက ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာစစ်တပ်ဟာ တပ်ဖြန့်ဖို့နဲ့ လေကြောင်းတိုက်ဖို့အတွက် ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတာနဲ့ ဂျက်ဖိုက်တာအသုံးပြုပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု(၂၇) ကြိမ်ရှိခဲ့ကာ ပြည်သူ (၅၀၈) ဦးသေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဖော်ပြထားပါတယ်။

ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြုစုထားတဲ့ စစ်အုပ်စုရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု များဆိုတဲ့ စာတမ်းကို မြန်မာဘာသာဖြင့် – bit.ly/3IIXOJk အင်္ဂလိပ်ဘာသာဖြင့် – bit.ly/3BWNbil တွေမှာလည်း ဖတ်ရှုနိုင်ပါတယ်။

သတင်း – သံလွင်တိုင်မ်

ဓာတ်ပုံ – NLTA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.