Radio Than Lwin Times(24/5)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
https://youtu.be/bOutJixR_KE
မော်လမြိုင် – မေ(၂၇) အမှတ်(၁) စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊မကွေး၊မန္တလေးနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းတို့မှာ မတ်လအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲပေါင်း (၄၃၇) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က (၆၁၂) ဦးသေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသရဲ့ လစဉ်တိုက်ပွဲနဲ့ ထိခိုက်သေဆုံး အချက်အလက်အနှစ်ချုပ်အဖြစ် ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးများခဲ့တဲ့အပြင်…
ရန်ကုန် – မေ(၂၇)နိုင်ငံခြားငွေစျေးကွက်အတွင်း စျေးကစားသူတချို့က ငွေစျေးနှုန်းကမောက်ကမ ဖြစ်အောင် မဟုတ်မမှန် ကောလဟာလ ထုတ်လွှင့်ပြီး ငွေကြေးမတည်ငြိမ်အောင်လုပ်ဆောင်သူတွေကို အရေးယူသွားမယ်လို့ ဗဟိုဘဏ်က မေလ(၂၆) ရက်နေ့ရက်စွဲနဲ့သတင်းထုတ်ပြန်ထားပါတယ်။ မမှန်သတင်းလွှင့်သူတွေကို ဗဟိုဘဏ်ဥပဒေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပါ ပြဌာန်းချက် တွေနဲ့အညီ ဖော်ထုတ်အရေးယူသွားမှာဖြစ်တဲ့အတွက် သူတို့နဲ့ ဆက်စပ်အကြောင်းအရာတွေကို ဗဟိုဘဏ်ရဲ့ အီးမေးလ် လိပ်စာကတဆင့် ပေးပို့တိုင်ကြားနိုင်တယ်လို့ ဆိုထားတာပါ။ နိုင်ငံခြားငွေကြေးမှောင်ခိုစျေးကွက်ကို…
မော်လမြိုင် – မေ(၂၇) အာဏာသိမ်းစစ်ကောင်စီကျူးလွန်ထားတဲ့ လူ(၅)ဦးထက်မနည်း တပြိုင်တည်း သေဆုံးခဲ့တဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု(၁၄၇) ကြိမ်ရှိခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် လူ(၁၅၉၂) ဦး သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်တပ်အာဏာသိမ်းထားတဲ့ (၂) နှစ်ကျော်အတွင်း ပြည်သူတွေအစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတာဖြစ်ပြီး အဲဒီဖြစ်စဉ်အများစုဟာ ဝက်လက်၊ယင်းမာပင်၊ ကလေး၊ဖားကန့်၊ကန့်ဘလူနဲ့ ပဲခူး တို့မှာ ဖြစ်ပွားခဲ့တာပါ။…
အမေရိကန်အပါအဝင် အနောက်အုပ်စုမဟာမိတ်နိုင်ငံတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ နှစ်နှစ်ကျော်ကာလအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေအပါအဝင် ကူညီပံ့ပိုးပေးနေသူ လူပုဂ္ဂိုလ် ၈၀ ကျော်နဲ့ စစ်တပ်ထိန်းချုပ်ထားတဲ့ လုပ်ငန်းပေါင်း ၃၀ ကျော်ကို အကြိမ်ရေ ဆယ်ချီထက်မနည်း ဒဏ်ခတ် အရေးယူထားပါတယ်။ ဒါပေမဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ဒီကနေ့အချိန်ထိ စစ်ကောင်စီအပေါ် ထိရောက်တဲ့ သက်ရောက်မှုတွေ မရှိသေးသလို စစ်ကောင်စီ ဝင်ငွေရနေတဲ့…
မော်စကို၊ မေ(၂၇) ယူကရိန်းရှိ ကရင်မလင်စစ်ပွဲနဲ့ ပတ်သက်ပြီး မကြာခဏဆိုသလို ပြတ်ပြတ်သားသား မှတ်ချက်ပေးလေ့ရှိတဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ပဋိပက္ခဟာ နှစ်ပေါင်းများစွာ ကြာနိုင်ဖွယ်ရှိတယ်လို့ မေလ ၂၆ ရက်နေ့ ပြောခဲ့ပါတယ်။ “ဒီပဋိပက္ခက တော်တော်ကို နှစ်ကြာလိမ့်မယ်၊ ဆယ်စုနှစ်တွေကြာတာလည်း ဖြစ်နိုင်ပါတယ်” လို့ ရုရှားသမ္မတ ဗလာဒီမာပူတင် လက်အောက်ရှိ ရုရှားလုံခြုံရေးကောင်စီရဲ့ လက်ထောက်အကြီးအကဲဖြစ်တဲ့ မက်ဗီဒက်က…
ဟနွိုင်း၊ မေ(၂၇) တောင်တရုတ်ပင်လယ်ရှိ ဗီယက်နမ်ပိုင်သီးသန့်စီးပွားရေးဇုံမှာ လုပ်ငန်းလည်ပတ်နေတဲ့ ရုရှားကုမ္ပဏီရဲ့ ဓါတ်ငွေ့လုပ်ကွက်အနီးကို တရုတ်ရဲ့သုတေသနသင်္ဘောတစင်းနဲ့ အစောင့်အကြပ်ရေယာဉ် ၅ စင်းဝင်ရောက် ခဲ့တဲ့အတွက် ဟနွိုင်းအစိုးရက သင်္ဘောအားလုံးထွက်ခွာပေးဖို့ တောင်းဆိုခဲ့ပါတယ်။ မေလ ၇ ရက်နေ့ကစပြီး ဗီယက်နမ်ရဲ့စီးပွားရေးဇုံအတွင်း တရုတ်ရေယာဉ် ကျူးကျော်ဝင်ရောက်ခြင်းတွေရှိလာ ခဲ့တာဖြစ်ပြီး အစိုးရကတောင်းဆိုပြီးတဲ့နောက် မေလ(၂၆) က ပြန်လည်ထွက်ခွာသွားခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။ တရုတ်သုတေသနသင်္ဘောနဲ့…
ဆိုးလ်၊ မေ(၂၇) တောင်ကိုရီးယားနိုင်ငံရဲ့ အေးရှားနားခရီးသည်တင်လေယာဉ်ပေါ်ရှိ ခရီးသည်တစ်ဦးဟာ လေယာဉ်ပျံသန်း နေစဉ် အရေးပေါ်ထွက်ပေါက်တံခါးကို ဖွင့်လိုက်ပြီးနောက် လေယာဉ် အတွင်းခန်းအတွင်းသို့ လေအေးလေ ပြင်းတွေ တိုးဝင်ဖြစ်ပေါ်ခဲ့ပေမယ့်လည်း လေယာဉ်ဘေး ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း လေကြောင်းလိုင်းနဲ့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ အေးရှားနား လေကြောင်းလိုင်းမှ အဲဘတ်စ် A321 လေယာဉ်ပေါ်မှာ လူအချို့က တံခါးဖွင့်ဖို့လုပ်တဲ့သူကို တား ဆီးဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း…
သည်ဟိတ် – မေ(၂၇) နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က နိုင်ငံခြားရေး ဝန်ကြီးရုံးနဲ့ ICJ ရုံးရှေ့မှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေစုပေါင်းပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို အရေးယူဖို့ ပြီးခဲ့တဲ့ မေလ(၂၆) ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ ၊ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို ICJ…