မော်စကို၊ မေ(၂၅)

ရုရှားဝန်ကြီးချုပ်ဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားနေချိန် အနောက်နိုင်ငံတွေ ဝေဖန်မှုတွေကြားထဲကပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးသဘောတူညီချက်တွေကို မေလ (၂၄) ရက်နေ့ ဘေဂျင်းခရီးစဉ်အတွင်း မှာ လက်မှတ်ရေးထိုးခဲ့ပါ တယ်။

ဒါဟာ ရုရှား၊ တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးမှာ မကြုံစဖူး မြင့်မားတဲ့အခြေအနေကိုဖော်ပြလိုက် တာလည်းဖြစ်ပါ တယ်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှားကျူးကျော်စစ်စတင်အပြီးမှာ ရုရှားရဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်တဲ့ ဝန်ကြီးချုပ်မစ်ခေးမီရှူစတင်ဟာ ပေကျင်းကို ပထမဆုံးအလည်အပတ်ရောက်ရှိခဲ့တဲ့တာ ဖြစ်ပါတယ်။ 

သူဟာ တရုတ်ဝန်ကြီးချုပ်လီချန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သမ္မတရှီကျင်းဖျင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား တာဖြစ်ပါတယ်။ 

ကျူးကျော်စစ်ဆင်နွှဲခဲ့တဲ့ ရုရှားနဲ့ နှုတ်ဆိတ်နေခဲ့တဲ့ တရုတ်နိုင်ငံတို့ကို မကြာသေးခင်က ကျင်းပခဲ့တဲ့ G7 ထိပ်သီးအစည်းအဝေးပြီးထုတ်ခဲ့တဲ့ ကြေညာချက်တွေထုတ်ခဲ့ပါတယ်။ ဒီကြေညာချက်တွေအပေါ် နှစ်နိုင်ငံ လုံးက ဒေါသတကြီးတုံ့ပြန်ခဲ့ပြီးနောက် အခုခရီးစဉ် ပေါ်ပေါက်လာတာပါ။

ကျူးကျော်စစ် ဒုတိယမြောက်နှစ်မှာ ရုရှားဟာ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှု ဖိအားတွေကို ပိုမိုခံ စားလာရတာဖြစ်ပါတယ်။ တရုတ်ရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနေတဲ့ ရုရှားကို တရုတ်က မှီခိုနေရတာထက် ရုရှားအပေါ်ထောက်ခံမှုပေးဖို့ ပေကျင်းကို ပိုအားကိုးလျက်ရှိနေတာဖြစ်ပါတယ်။

“ဒီကနေ့ ရုရှားနဲ့တရုတ်ကြား ဆက်ဆံရေးဟာ မကြုံစဖူးမြင့်မားတဲ့အဆင့်ကို ရောက်ရှိနေပြီ” လို့ မစ္စတာ မီဆူစတင်က ဘေဂျင်းမှာ မစ္စတာလီနဲ့တွေ့ဆုံစဉ် ပြောခဲ့ပါတယ်။ 

အချင်းချင်းရဲ့ အကျိုးစီးပွားကို အပြန်အလှန်လေးစားမှု၊ နိုင်ငံတကာ နယ်ပယ်မှာ လှိုင်းထန်မှု တိုးမြင့်လာမှု တွေနဲ့ အနောက်အုပ်စုရဲ့  ဖိအားပေးမှုပုံစံတွေနဲ့ ဆက်စပ်နေတဲ့ စိန်ခေါ်မှုတွေကို အတူတကွ တုံ့ပြန်လိုတဲ့ ဆန္ဒနဲ့ ထူးခြားတဲ့သွင်ပြင်လက္ခဏာရပ်တွေကို ဖော်ပြခဲ့ပါတယ်လို့ သူကဆက်လက်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ တရုတ်မိတ်ဆွေတွေ ပြောဆိုလေ့ရှိတဲ့အတိုင်းပဲ စည်းလုံးညီညွတ်မှုဟာ တောင်တွေကိုတောင် ရွှေ့နိုင်စေတယ်” လို့ မစ္စတာမီဆူစတင်က ဆိုပါသေးတယ်။

လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှုစာချွန်လွှာမှာ ကုန်သွယ်ရေးဝန်ဆောင်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှု၊ ပူးပေါင်း ဆောင်ရွက်မှု၊ တရုတ်နိုင်ငံကို လယ်ယာထွက်ကုန်တွေ တင်ပို့ရောင်းချရေး သဘောတူစာချုပ်နဲ့ အခြားအား ကစားပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ 

မော်စကိုရဲ့ အထူးစစ်ဆင်ရေးလို့ခေါ်တဲ့ ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခြင်းမပြုမီကဘဲ တရုတ်ဟာ အကန့်အသတ်မရှိ မိတ်ဖက်အဖြစ်ကတိပြုခဲ့တဲ့ပြီးနောက် တရုတ်ခေါင်းဆောင်ရှီဟာ ရုရှားနိုင်ငံသို့ မတ်လမှာ လာရောက်လည်ပတ်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။  

မော်စကိုနဲ့ ယူကရိန်းနိုင်ငံအကြား တရုတ်ရဲ့ဆက်ဆံရေးဟာ နိုင်ငံတကာစံနှုန်းတွေကို ချိုးဖောက်ခြင်းမ ရှိကြောင်း၊ တရုတ်ဟာ ဘယ်သူနှင့်မဆို ပူးပေါင်းဆောင်ရွက်ပိုင်ခွင့်ရှိကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဟာလည်း တတိယနိုင်ငံတွေကို ပစ်မှတ်ထားခြင်းမရှိကြောင်း အခိုင်အမာပြောဆိုပြီး  အနောက်နိုင်ငံတွေရဲ့ ဝေဖန်မှုတွေကို ပေကျင်းက ပယ်ချခဲ့ပါတယ်။ 

“နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို အကောင်အထည်ဖော်ဖို့ တရုတ်နိုင်ငံဟာ ရုရှားနဲ့ လက်တွဲလုပ်ဆောင် ဖို့ ဆန္ဒရှိပြီး နယ်ပယ်အသီးသီးမှာ လက်တွေ့ကျတဲ့ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းဟာ အဆင့်သစ်တစ် ခုသို့ ရောက်ရှိနိုင်မှာပါ” လို့ မစ္စတာလီက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံသို့ကုန်သွယ်တင်ပို့မှုမှာ မတ်လတွင် နှစ်ဆကျော်တိုးလာပြီးနောက် တစ်နှစ်ထက် တစ်နှစ် (၁၅၃.၁) ရာခိုင်နှုန်းရှိနေပါတယ်။ ဒီနှုန်းထားဟာ အရှိန်အဟုန်နဲ့တိုးတက်လာတာဖြစ်ကြောင်း တရုတ်အကောက်ခွန် အချက်အလက်တွေက ဖော်ပြနေပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံသို့ ရုရှားရဲ့ စွမ်းအင်တင်ပို့မှုဟာလည်း အခုနှစ်အတွင်း (၄၀) ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပြီး ရုရှားနိုင်ငံသို့ နည်းပညာဆိုင်ရာ စက်ပစ္စည်းတွေထောက်ပံ့ရေး ဆွေးနွေးနေကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 

Ref: The Straits times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.