ရွှေဘို – မေ(၂၄)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်က မီးဖြတ်ခံထားရတဲ့ အိမ်တွေကို S&C မီးဘေး၊စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က Solar power station တွေစတင်တပ်ဆင်ပေးနေတယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။
အညာဒေသမှာ ရှိတဲ့ကျေးရွာတွေထဲက ကျောင်းသား/ကျောင်းသူတွေရဲ့ အိမ်တွေမှာ စာကြည့်ဖို့ အဆင်ပြေအောင် ကနဦး Solar power station အစုံ(၂၀) ကို မဲစနစ်နဲ့ ရွေးချယ်ပြီး တပ်ဆင်ပေး ခဲ့တာပါ။
Solar power station တွေကို နေရပ်စွန့်ခွာစစ်ဘေးရှောင်တွေ၊ နာမကျန်းဖြစ်နေတဲ့အိမ်တွေ၊ သက်ကြီးရွယ်အိုတွေရှိတဲ့ အိမ်တွေကို ဦးစားပေးစနစ်နဲ့ တပ်ဆင်ပေးနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်ထိ အညာဒေမှာ S&C က Solar power station (၃၂) လုံးအထိ တပ်ဆင်ပေးထား နိုင်ပြီး ဆက်လက်တပ်ဆင်ဖို့ လိုအပ်နေတဲ့ ပြည်သူတွေရှိသေးတဲ့အတွက် ဝိုင်းဝန်းကူညီပေးကြ ဖို့လည်း တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – S&