May 25, 2023

ဒီးမော့ဆိုအရှေ့ခြမ်းက တိုက်ပွဲတွေမှာ စစ်တပ်ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါး သေဆုံး

ဒီးမော့ဆို – မေ(၂၅) ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာဖြစ်ပွားခဲ့တဲ့ (၁၀) ရက်တာ တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် (၄၀) နီးပါးသေဆုံးခဲ့ပြီး တော်လှန်ရေး အင်အားစုတွေဘက်ကတော့ (၈) ဦးကျဆုံးခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ မေလဒုတိယအပတ်ကစပြီး စစ်ကောင်စီက တနီးလာလဲ ကျေးရွာတောင်ပေါ်ကနေ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။…

သခင်မြ ပန်းခြံမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့

ရန်ကုန် – မေ(၂၅) ရန်ကုန်တိုင်း၊အလုံမြို့နယ် ကမ်းနားလမ်းမှာရှိတဲ့ သခင်မြ ပန်းခြံမှာ ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွား ခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ဒီနေ့ မေလ(၂၅) ရက်နေ့ မနက်(၁၁)နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာ ရတာတော့ မရှိဘူးလို့ သိရပါတယ်။ သခင်မြပန်းခြံအတွင်းက ရေတမာပင်အောက်မှာ ကြွပ်ကြွပ်အိတ်တစ်လုံး၊ပန်းခြံမြက်ခင်းပြင်မှာ ကြွပ်ကြွပ်အိတ်အနက်တစ်လုံးနဲ့ အမှိုက်ပုံအနီးမှာ ကြွပ်ကြွပ်အိတ်အနက်ရောင်တို့ကို တွေ့ရှိပြီး…

မိုဒီရဲ့ခရီးစဉ်အတွင်း အိန္ဒိယနဲ့သြစတြေးလျတို့ ရွှေ့ပြောင်းနေထိုင်ရေး သဘောတူညီချက်ကြေညာ

ဆစ်ဒနီ၊ မေ(၂၅) အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယနဲ့သြစတြေးလျတို့က ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာ သဘောတူညီချက်နဲ့ အစိမ်းရောင်ဟိုက်ဒရိုဂျင် အထူးလုပ်ငန်းအဖွဲ့တစ်ခုကို ကြေညာ ခဲ့ပါတယ်။ မစ္စတာမိုဒီနဲ့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစ်တို့က အခုနှစ်ကုန်မှာ လွတ်လပ်စွာ ကုန်သွယ် မှုသဘောတူညီချက်အတွက် စေ့စပ်ညှိနှိုင်းမှုတွေအပြီးသတ်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ကြပါတယ်။ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါတို့က ခရီးစဉ်ဖျက်သိမ်းပြီးနောက် သြစတြေး လျသို့…

အနောက်နိုင်ငံတွေဝေဖန်နေတဲ့ကြားကပဲ ရုရှားနဲ့တရုတ်တို့ စီးပွားရေးဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုး

မော်စကို၊ မေ(၂၅) ရုရှားဝန်ကြီးချုပ်ဟာ ယူကရိန်းစစ်ပွဲဖြစ်ပွားနေချိန် အနောက်နိုင်ငံတွေ ဝေဖန်မှုတွေကြားထဲကပဲ တရုတ်နိုင်ငံနဲ့ စီးပွားရေးသဘောတူညီချက်တွေကို မေလ (၂၄) ရက်နေ့ ဘေဂျင်းခရီးစဉ်အတွင်း မှာ လက်မှတ်ရေးထိုးခဲ့ပါ တယ်။ ဒါဟာ ရုရှား၊ တရုတ်နှစ်နိုင်ငံ ဆက်ဆံရေးမှာ မကြုံစဖူး မြင့်မားတဲ့အခြေအနေကိုဖော်ပြလိုက် တာလည်းဖြစ်ပါ တယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှားကျူးကျော်စစ်စတင်အပြီးမှာ ရုရှားရဲ့ အဆင့်အမြင့်ဆုံး အရာရှိဖြစ်တဲ့…

အားလပ်ရက်တွေမှာ အိမ်စာမပေးရေး ဥပဒေတစ်ရပ်ပြဌာန်းဖို့ ဖိလစ်ပိုင်လွှတ်တော်အမတ် အဆိုပြု

မနီလာ၊ မေ(၂၅)ကျောင်းဖွင့်ရက်တွေမှာ အချိန်ပေါင်း၁၀နာရီကျော် လေ့လာသင်ယူပြီးတဲ့ ကျောင်းသူ/ ကျောင်းသားတွေကို ပိတ်ရက်တွေမှာ အိမ်စာလုပ်ရမယ့်အစား အနားယူပြီး ပြန်လည် အားဖြည့်နိုင်ဖို့ ဖိလစ်ပိုင်နိုင်ငံရှိ နိုင်ငံရေး သမားတစ်ဦးက လိုလားနေပါတယ်။ သူ့ရဲ့လိုလားချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဖိလစ်ပိုင်အောက်လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ မစ္စဆမ်ဗာဆိုဇာက “No Homework Law” အမည်ရ အိမ်စာမပေးရေးဥပဒေကို အဆိုပြုထားတာပါ။ အဲဒီအထဲမှာ မူလတန်းနဲ့…

“အဓိက မြေပြင်မှာလိုအပ်နေတာ ရေပေါ့နော်။ တော်တော်များများနေရာတွေ ဆားငန်ရေဝင်သွားတော့ ဆားငန်ရေက ရေကန်တွေ ထဲဝင်သွားတော့ သုံးလို့မရတော့တာ။ အရေးကြီးဆုံးကရေပေါ့နော်။ ပြီးတော့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေလည်း လိုအပ်တာပေါ့”

မြန်မာနိုင်ငံကို မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ပြီး နှစ်ပတ်နီးပါးရှိလာတဲ့အထိ မုန်တိုင်းဒဏ်သင့်ဒေသတွေကို လူသားချင်းစာနာမှု အကူအညီတွေပေးနိုင်ဖို့ ကုလသမဂ္ဂအေဂျင်စီတွေနဲ့ နိုင်ငံတကာအဖွဲ့စည်းတွေဟာ စစ် ကောင်စီရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကတော့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူအားလုံးအတွက် နှစ်ပတ်စာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့ အသင့်ဖြစ်နေပေမယ့် ခွင့်ပြုချက်ရဖို့ ဆွေးနွေးနေရဆဲ…

ကော့ကရိတ်မြို့နယ်ထဲက ခရစ်ယာန်ဘုရားကျောင်း လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခံရ

ကော့ကရိတ်၊ မေ(၂၅) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ် ပနွယ်ဖိုးကလိုးကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း (၁)ကျောင်း ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။ မေလ(၂၃)ရက်နေ့ ည(၁၁)နာရီခွဲအချိန်က တပ်မဟာ(၆) KNLA တပ်ရင်း(၂၀၁)နယ်မြေ မောခီးကျေးရွာအုပ်စု၊ ခလယ်လောကျယ်(ပနွယ်ဖိုးကလိုး)ကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ နေပြည်တော်လေတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး(၂)လုံး ကြဲချခဲ့ခြင်းဖြစ်ပြီး ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ကျောင်း ဗုံးထိမှန်ပျက်စီးသွားခဲ့တယ်လို့…

ပုလောမှာ စစ်တပ်ယာဉ်တန်းမိုင်းဆွဲခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

ပုလော၊ မေ(၂၅) တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာအနီးမှာ မေ ၂၄ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အဲဒီနေ့ မနက် ၆ နာရီလောက်မှာ ပလောက်မြို့၊ တန်းမြင့်စစ်အခြေခံလေကျင့်ရေးကျောင်းကနေ အင် အား ၅၀ ကျော်လောက်နဲ့ထွက်လာတဲ့ စစ်ကားကြီး…