မဲလ်ဘုန်း၊ မေ(၂၄)
သြစတြေးလျနိုင်ငံဟာ နိုင်ငံရဲ့အရေးကြီးတဲ့ တွင်းထွက်လုပ်ငန်းကဏ္ဍကို ဖွံ့ဖြိုးစေဖို့ အမေရိကန်ပြည်ထောင်စု ကျောထောက်နောက်ခံပြုမှုကိုရရှိခဲ့ပြီး အဲဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံအကြားမူဝါဒတွေနဲ့ ရင်းနှီးမြှုပ်နှံမှု တွေချိတ်ဆက်ပြီးနောက် ပေါ်ထွက်လာခဲ့တာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံဟာ ကမ္ဘာမှာ အသုံးပြုနေတဲ့ လက်ထီယမ်တစ်ဝက်စာနဲ့ လျှပ်စစ်ကားတွေ၊ ကာကွယ်ရေး လုပ်ငန်းတွေအတွက်အသုံးပြုတဲ့ ဘက်ထီရမ်တွေအတွက် မြေရှားသတ္တုအမျိုးအစားတွေကို ထောက်ပံ့ ပေးနိုင ပြီး ကမ္ဘာ့နိုင်ငံတွေဟာ အဲဒီသတ္တုတွေအတွက် အဓိကထုတ်လုပ်သူဖြစတဲ့ တရုတ်ထံမှ ကင်းကွာနိုင်ရေး အတွက်လည်း ဆောင်ရွက်နေချိန်ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ ဟိုက်ဒရိုဂျင်နဲ့ အမိုနီယမ် အဓိကထုတ်လုပ်သူဖြစ်လာပြီး သဘောတူညီချက်အရ သန့်ရှင်းစွမ်းအင်တွေ ထုတ်လုပ်ရေးအတွက်လည်း တာဝန်ရှိလာတာပါ။
ရာသီဥတုနဲ့ ကိုက်ညီပြီး အရေးကြီးတွင်းထွက်ပစ္စည်းတွေနဲ့ သန့်ရှင်းစွမ်းအင်ခိုင်မာမှုဟာ ရည်ရွယ်ချက်ကောင်း တဲ့ သဘောတူညီချက်တစ်ရပ်ဖြစ်တယ်လို့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အယ်လ်ဘန်းနီစ့် က ပြောကြား ခဲ့ပါတယ်။
ဒါ့အပြင် သဘောတူညီချက်ကြောင့် သြစတြေးလျပိုင် ကုမ္ပဏီတွေထံသို့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြင့်လာနိုင်တယ် လို့လည်း သိရပါတယ်။
အမေရိကန်လုံခြုံရေးကောင်စီနဲ့ သြစတြေးလျစက်မှုလုပ်ငန်းဦးစီးဌာနမှ ဝန်ကြီးတွေဟာ စက်မှုလုပ်ငန်းပူး ပေါင်းဆောင်ရွက်မှုကို အားကောင်းစေရေး ပံ့ပိုးနိုင်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်နိုင်ဖို့ နှစ်ကုန်ပိုင်းမှာ အစီအမံတစ်ရပ်ကို ပြုလုပ်သွားမယ်လို့လည်း နှစ်နိုင်ငံ ထိပ်တန်းခေါင်းဆောင်တွေရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
Ref,Reuters