ဘန်ကောက်၊ မေ(၂၄)

ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနဲ့ အခြားသော ပါတီ၇ ခုတို့ ညွန့်ပေါင်းအစိုးရဖွဲ့ပြီး နောက် ရှေ့ဆက်လုပ်ဆောင်မယ့် အချက်(၂၃)ချက်ပါ ဘုံသဘောတူညီချက်ကို  နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြောင်း ဒေသတွင်းသတင်းအေဂျင်စီတွေမှာ ဖော်ပြထားပါတယ်။

အဲဒီသဘောတူညီချက် (၂၃)ချက်ပါဝင်တဲ့ နားလည်မှုစာချွန်လွှာကို မေလ(၂၂)ရက်နေ့က လက်မှတ်ရေးထိုး ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ နောက်အစိုးရတစ်ရပ်ရဲ့ အခြေခံမူတွေကို ဖန်တီးရန်ဖို့နဲ့ ပါတီ ၈ ခုအကြား ဘုံသဘော တူတဲ့ လုပ်ငန်းအတိုင်းဆုံးဖြတ်သွားနိုင်ဖို့လည်း ရှိနေတာပါ။

Move Forward ပါတီရဲ့ခေါင်းဆောင်လည်းဖြစ်၊ ထိုင်းနိုင်ငံ အစိုးရသစ်ရဲ့ ဝန်ကြီးချုပ်ဖြစ်နိုင်ချေရှိနေတဲ့ မစ္စတာပီတာက  “ကျွန်တော့်အထင်ကတော့ အဲဒီအရာကိုဆွေးနွေးမယ့် အချိန်ကိုရောက်လာတဲ့အခါ Move Forward ပါတီတစ်ခုတည်း ထီးထီးကျန်နေလောက်မှာ မဟုတ်တော့ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

သဘောတူညီချက် (၂၃)ချက်ထဲက ထင်ရှားတဲ့အချက်တွေကတော့  မဖြစ်မနေ စစ်မှုထမ်းခြင်းကို ဆန္ဒအ လျောက် စနစ်တစ်ခုအဖြစ် ပြောင်းလဲမှာဖြစ်ပေမယ့် စစ်ပွဲတွေပေါ်ပေါက်ပါလာရင်တော့ စစ်မှုထမ်းခြင်းသတ် မှတ်ချက်ကို ဆက်လက်ထိန်းသိမ်းထားဖို့၊ ဆေးခြောက်ကို မူးယစ်ဆေးဝါးစာရင်းမှာ ပြန်လည်ထည့်သွင်း ဖို့၊ အာဆီယံမှာ ထိုင်းနိုင်ငံရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို ပြန်လည်ထူထောင်ဖို့နဲ့ ထိုင်းနှင့် အခြား အင်အားကြီး နိုင်ငံတွေကြား နိုင်ငံရေးချိန်ခွင်လျှာကို ထိန်းသိမ်းတဲ့ နိုင်ငံခြားရေးမူဝါဒကို အကောင်အထည်ဖော်ဖို့ စတဲ့ အချက်တွေလည်း ပါဝင်နေပါတယ်။

ဒါ့အပြင် လူ့အခွင့်အရေးမူတွေကို ထည့်သွင်းစဉ်းစားပြီး ယဉ်ကျေးမှုပေါင်းစုံတဲ့လူ့အဖွဲ့အစည်းအတွင်း အတူယှဉ်တွဲနေထိုင်ရေးအတွက် ကဏ္ဍပေါင်းစုံက ပူးပေါင်းပါဝင်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေအတွက် အစိုးရ အေဂျင်စီရဲ့ တာဝန်တွေကို ပြန်လည်သုံးသပ်ဖို့နဲ့ ဥပဒေစိုးမိုးစေဖို့စတဲ့အချက်တွေလည်း ပါဝင် နေတာဖြစ်ပါတယ်။

ပါတီ ၈ ခုအနေနဲ့ ဒီလိုအရေးပါတဲ့ အချက်(၂၃)ချက်အပြင် နိုင်ငံသားတွေရဲ့ ရပိုင်ခွင့်တွေသာမက ပြည်သူ့ လွတ်လပ်ခွင့်တွေကို ကာကွယ်ရေးအပြင် အခြားသောအဖွဲ့ဝင်ပါတီတွေအနေနဲ့ ပြည်သူလူထုရဲ့ အလိုကို ဦးစားပေးဖို့လည်း သဘောတူညီခဲ့ကြပါသေးတယ်။

အခုလက်မှတ်ရေးထိုးခဲ့တဲ့ အချက်တွေထဲမှာ တောင်ပိုင်းနယ်စပ်ပြည်နယ်တွေမှာ ရေရှည်တည်တံ့တဲ့ ငြိမ်း ချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်ကို တွန်းအားပေးဆောင်ရွက်ဖို့၊ မြေယာပြုပြင်ပြောင်းလဲမှုဥပဒေကို အပြီးသတ်ဖို့နဲ့ မြေယာပိုင်ဆိုင်ခွင့်ကို မျှတစွာခွဲဝေပေးခြင်း၊ သစ်တောနယ်နိမိတ်နဲ့ ပြည်သူတွေရဲ့မြေတွေနဲ့ ထပ်နေသော ပြည်နယ်မြေတွေ ပြဿနာကို ဖြေရှင်းဖို့ပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။ 

ထိုင်းညွန့်ပေါင်းအစိုးရသစ်ရဲ့ MOU မှာ ထိုင်းနိုင်ငံရဲ့ တော်ဝင်အသိုင်းအဝိုင်းအပေါ် သရေဖျက်မှုဆိုင်ရာ ဥပဒေကို ပြင်ဆင်လိုတဲ့ Move Forward ပါတီရဲ့ မူဝါဒတွေ မပါဝင်ပေမယ့်လည်း ရွေးကောက်ပွဲအနိုင်ရ ထိပ်တန်းပါတီခေါင်းဆောင်က ပါလီမန်အတွင်းဥပဒေအပြောင်းအလဲဖြစ်စေဖို့ တွန်းအားပေး ဆောင်ရွက် သွားမယ်လို့  ပြောကြားထားတာလည်း ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.