အဘူဂျာ – မေ(၂၄) 

နိုင်ဂျီးရီးယား သမ္မတ မူဟာမတ် ဘူဟာရီက အနောက်အာဖရိက နိုင်ငံခေါင်းဆောင်တချို့ တက်ရောက်တဲ့ အခမ်းအနားတစ်ခုမှာ လက်ခ်ကီလွတ်လပ်တဲ့ ကုန်သွယ်ရေးဇုန်ဧရိယာထဲမှာ တစ်ရက်ကို စည်ပေါင်း (၆)သိန်း(၅)သောင်း ထုတ်ယူနိုင်တဲ့ ဒန်ဂိုတီရေနံချက်စက်ရုံကို တာဝန် ပေးအပ်ခဲ့ပါတယ်။ 

အဲဒီလိုလုပ်ဆောင်ခဲ့တာက နိုင်ငံရဲ့လောင်စာဆီတင်သွင်းမှုကို အဆုံးသတ်ဖို့အတွက် ‘ဂိမ်းပြောင်းလဲမှု’ အဖြစ်သတ်မှတ်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အာဖရိကတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် အလီကိုဒန်ဂိုတီ ပိုင်ဆိုင်တဲ့ ဒန်ဂိုတီ Group မှ တည်ဆောက်ထားတဲ့ ဧရာမရေနံချက်စက်ရုံကြီးဟာ ဒေါ်လာ (၂၀) ဘီလီယံတန်ဖိုးရှိပြီး တစ်ရက်လျှင် ဓာတ်ဆီလီတာ (၅၃) သန်း အပြင် ဒီဇယ်လီတာ (၄) သန်းနဲ့ လေကြောင်းဂျက်လေယာဉ် လီတာ (၂) သန်းအထိ နေ့စဉ်လောင်စာဆီ ထုတ်လုပ်ဖို့ ရည်မှန်းထားပါတယ်။ 

အဲဒီရေနံချက်စက်ရုံကို “ကမ္ဘာ့အကြီးဆုံး တစ်ခုတည်းသောသန့်စင်စက်ရုံ” အဖြစ် ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။ 

ရေနံချက်စက်ရုံဟာ နိုင်ဂျီးရီးယားရဲ့ ရေနံပြဿနာအချို့ကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ရပြီး အာဖရိကရဲ့ အကြီးဆုံးရေနံထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပေမယ့်လည်း နိုင်ဂျီးရီးယားဟာ သူ့ရဲ့ရေနံကို သန့်စင်ဖို့ အားနည်း နေခဲ့တာလည်း ဖြစ်ပါတယ်။ 

အနောက်အာဖရိကနိုင်ငံတွေမှာရှိတဲ့ ထုတ်ကုန်အများအပြားကို အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ယူအေအီးနဲ့ နယ်သာလန်တို့လို အခြားနိုင်ငံတွေကနေ တင်သွင်းတာဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်းသန့်စင်ပြီး ရေနံထွက်ကုန်တွေ တင်သွင်းခြင်းရဲ့ ကုန်ကျစရိတ်ဟာ ပို့ကုန်ထက် ဒေါ်လာ (၅၈.၅) ဘီလီယံ ကျော်လွန်ခဲ့ကြောင်း OPEC မှ အဓိက ရေနံထုတ်လုပ်တဲ့အဖွဲ့တစ ခုထံက  သိရပါတယ်။ 

နိုင်ဂျီးရီးယားရဲ့ သန့်စင်မှုစွမ်းရည်မနိုင်နင်းခြင်းဟာ သွင်းကုန်တွေအတွက် နှစ်စဉ်ဒေါ်လာဘီလီယံပေါင်းများစွာ အကုန်အကျခံနေရခြင်းနဲ့ ပြည်တွင်းလောင်စာဆီထောက်ပံ့မှု ပြတ်တောက်ခြင်းစတဲ့ စိန်ခေါ်မှုများစွာကို ဖြစ်ပေါ် စေခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒန်ဂိုတီ ရေနံချက်စက်ရုံဟာ နိုင်ငံရဲ့သန့်စင်မှုစွမ်းရည်ကို နှစ်ဆတိုးလာစေမှာဖြစ်ပြီး ပြည်တွင်းမှာလောင်စာဆီ ဝယ်လိုအား တိုးမြင့်လာကာ ပို့ကုန်မှတစ်ဆင့် နိုင်ငံအတွက် နိုင်ငံခြားငွေ ထုတ်ပေးခြင်းဖြင့် အဲဒီပြဿနာတွေကို ဖြေရှင်းဖို့ စီစဉ်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

“ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် အရည်အသွေးမြင့်လောင်စာတွေ၊ အဆက်မပြတ်ရရှိနေ မှာဖြစ်ပြီး သန့်စင်ရေးစက်ရုံဟာ ကျယ်ပြန့်တဲ့ကုန်ထုတ်လုပ်မှုအတွက် ကျွန်တော်တို့ရဲ့ စက်မှုလုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ကုန်ကြမ်းတွေကို ရရှိစေလိမ့်မယ်” လို့ အဲဒီပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။ 

သန့်စင်စက်ရုံတည်ဆောက်ဖို့ အသုံးပြုတဲ့ ရန်ပုံငွေရဲ့(၅၀%) ခန့်ဟာ ဒန်ဂိုတီ Group ရဲ့ ရှယ်ယာရင်းနှီးမြုပ်နှံ မှုမှရရှိကြပြီး ကျန်တစ်ဝက်ကတော့ Access နဲ့ Zenith ဘဏ်တွေကနေရတဲ့ ကြွေးမြီးငွေတွေကဖြစ်တယ်လို့ ဆိုပါတယ်။ 

“စက်ရုံတစ်ခုတည်းနဲ့တစ်ရက်ကို စည်ပေါင်း ၆သိန်း ၅သောင်း ထုတ်ယူနိုင်တဲ့ သန့်စင်စက်ရုံကို တည်ဆောက် ထားပါတယ်။ ကမ္ဘာ့အကြီးဆုံးဖြစ်တဲ့ ခေတ်မီနည်းပညာတွေနဲ့ ဒီဇိုင်းထုတ်ထားတဲ့ စက်ရုံကို တည်ဆောက်ပြီး အတိုင်းအတာတစ်ခုအထိ စွမ်းဆောင်ရည်ရှိတဲ့ စက်ရုံကိုတည်ဆောက်ခဲ့ပါတယ်၊ အာဖရိကနဲ့ ကမ္ဘာ့ဈေး ကွက်မှာ ဂိမ်းအပြောင်းအလဲဖြစ်လာမှာပါ” ဟု သူက ပြောပါတယ်။ 

နိုင်ဂျီးရီးယား ဗဟိုဘဏ်အကြီးအကဲ ဂေါ့ဝင်းအမ်မီဖီလီကလည်း အဲဒီသန့်စင်စက်ရုံဟာ နိုင်ဂျီးရီးယား ပြည်တွင်းလောင်စာဆီ သုံးစွဲမှုအားလုံးကို ဖြည့်ဆည်းပေးနိုင်တာထက် သာလွန်ကြောင်း ပြောကြားခဲ့ပါတယ်။ 

“နိုင်ဂျီးရီးယားမှာ ကျွန်တော်တို့ သုံးစွဲမှုထုတ်ကုန်အားလုံးမှာ ဖူလုံနိုင်ပြီး တစ်ချိန်တည်းမှာဘဲ ပိုလျှံထွက်ကုန် တွေကို ကျန်ကမ္ဘာ့နိုင်ငံတွေသို့ တင်ပို့နိုင်တယ်” လို့ အမ်မီဖီလီက ဆိုခဲ့တာပါ။ 

အခမ်းအနားမှာတက်ရောက်ခဲ့တဲ့ ဂါနာသမ္မတက ဒန်ဂိုတီ ရေနံချက်စက်ရုံဟာ “အနောက်အာဖရိက ကိုပိုမိုကောင်းမွန်ပြီးပိုမိုအားကောင်းစေမယ့် အံ့မခန်းစီမံကိန်း” အဖြစ်ဖော်ပြခဲ့ပါတယ်။ 

Ref: CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.