ဘော်လခဲ၊ မေ(၁၉)
ကရင်နီပြည်နယ်၊ ဘော်လခဲမြို့နယ်ထဲက အရပ်သားတွေရှိတဲ့ကျေးရွာနဲ့လုပ်ငန်းခွင်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အမျိုးသမီးတစ်ဦးသေဆုံးကာ သက်ကြီးရွယ်အိုလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မေလ(၁၇)ရက်နေ့ မနက် ၄နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလခဲမြို့နယ် စောလုံကျေးရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီရဲ့တိုက် ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့မှုတွေဟာ အခုနှစ်အတွင်း တတိယအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စောလုံကျေးရွာဆေးပေးခန်း အဆောက်အအုံနှစ်လုံးနဲ့ လူနေအိမ် ၆လုံး၊ ဘုန်းတော်ကြီးကျောင်းနဲ့ သောက်သုံးရေကန်တွေပျက်စီးခဲ့ရတယ်လို့ ဘောလခဲ PDF က ထုတ်ပြန်ထားပါ တယ်။
ပြီးခဲ့တဲ့ မတ်လ ၂၃ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ ဘောလခဲမြို့နယ် ဝမ်ဗလကျေးရွာအနီးက ဒေသခံတွေရဲ့ သစ်လုပ်ငန်းခွင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။
အဲဒီပစ်ခတ်မှုမှာတော့ သစ်လုပ်ငန်းလုပ်ကိုင်နေတဲ့ အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ၃ ဦးသေဆုံးခဲ့ရပါတယ်။
ဘောလခဲမြို့နယ်အတွင်းကို စစ်ကောင်စီတပ်ကနေ လေကြောင်းဗုံးကျဲမှုလုပ်ဆောင်လာတာ ၃ ကြိမ်ရှိနေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းရန်ကာကွယ်ဖို့ ပြင်ဆင်သင့်ပြီလို့ ဘောလခဲ PDF က သ တိပေးထားပါတယ်။
မတ်လ ၁၆ ရက်နေ့ကစပြီး ဘောလခဲမြို့နဲ့အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ KNDF ၊ KA ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေပြင်းထန်လာခဲ့ပြီး စစ်ကောင်စီကလေကြောင်း တိုက်ခိုက်မှုတွေစတင် အသုံးချလာတာဖြစ်ပါတယ်။
တိုးတက်သောကရင်နီပြည်သူ့အင်အားစုရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၂နှစ်ကျော်ကာလအ တွင်း စစ်ကောင်စီက ကရင်နီပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှု ၃၆၃ကြိမ် လုပ်ဆောင်ထားပါတယ်။
သတင်း – သံလွင်တိုင်
းPhoto – Bawlakhe PDF