မိုခါမုန်တိုင်းအရှိန်ကြောင့် လေပြင်းအားတိုက်ခတ်ရာ စစ်တွေမြို့အတွင်းရှိ ဆက်သွယ်ရေး တာဝါတိုင်တစ်ခု ကျိုးကျသွားသလို သစ်ပင်အမြစ်ကျွတ်ကျတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
လက်ရှိမှာတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့တချို့မှာ လေပြင်းအားကြောင့် အိမ်ခေါင်မိုးလန်တာ၊ နေအိမ်ပျက်စီးတာ၊ သစ်ပင်ပြိုလဲတာနဲ့ ဓာတ်မီးတိုင်ကျိုးကျတာတွေလည်း ဖြစ်ပေါ်နေပါတယ်။
ရခိုင်ပြည်နယ်၊စစ်တွေမြို့ကို ဗဟိုပြုပြီး အင်အားပြင်း ထန်တဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းကို အညိုရောင်အဆင့်သတ်မှတ်ထားပြီး လူဦးရေသန်းနဲ့ချီ ထိခိုက်နိုင်တယ်လို့ မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ