ရေဖြူ ၊ မေလ (၁၄)

အားအလွန်ကောင်းတဲ့ မုန်တိုင်းအန္တရာယ်ရှိနေချိန် တနင်္သာ ရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသကို စစ်ကောင်စီကနေ တိုက်လေယာဉ်နဲ့ဗုံးကြဲသွားတယ်လို့ တနင်္သာရီတိုင်း ပကဖ တာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီနေ့ မေ ၁၄ ရက်နေ့ မနက်ပိုင်းက နဘုလယ်ကျေးရွာရှိ ထားဝယ်အထူးစီးပွားရေးဇုန်အနီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက် ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း အထိနာနေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ မနက် ၈ နာရီခွဲအချိန်လောက်မှာ နဘုလယ်ရွာအနီးကို လေကြောင်းပစ်ကူပေးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

“စကစဘက်က တိုက်လေယာဉ်နဲ့လာပြီး ဗုံး ၂ လုံးကြဲခဲ့တယ်၊ နဘုလယ်ရွာအနီးကို ကျတယ်လို့ သိရတယ်၊ အ ခြေနေအသေးစိတ်ကိုတော့ မသိရသေးဘူး”လို့ တနင်္သာ ရီတိုင်း ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာတာနဲ့ ပျက်စီးမှုအခြေအနေ အသေးစိတ်ကို သံလွင်တိုင်းမ်က ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နဘုလယ်ကျေးရွာအပါအဝင် အနီးအနားကျေး ရွာက ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ရေဖြူမြို့နယ် နဘုလယ်ဒေသ ဗုံးကြဲတိုက်ခိုက်မှုဟာ စစ်တပ်အာဏာသိမ်းပြီးနောက် တနင်္သာရီတိုင်းအတွင်း ပထမဆုံးအကြိမ် ဖြစ်သလို ဒီတိုက်ခိုက်မှုကို မြိတ်လေ တပ်စခန်းကနေ လာရောက်ပြုလုပ်သွားတာလို့ တော်လှန် ရေးအင်အားစုတွေထံကနေ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.