ပြင်ဦးလွင် ၊ မေ (၁၄)

လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးတိုင်း၊ပြင်ဦးလွင်မြို့ အနီးစခန်းရဲကင်းရှေ့မှာ သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေနဲ့တုသိတာလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

ဒီနေ့ မေ ၁၄ ရက်နေ့ မနက် ၈ နာရီလောက်မှာ ရဲကင်းအရှေ့က သစ်ပင်ကြီးတစ်ပင် လဲပြိုခဲ့တဲ့အတွက် သစ်ပင်ပိပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းပွင့်ဒဏ်ရာနဲ့ သေဆုံးသွားခဲ့တာပါ။

“အဲဒီရဲက လက်ဖက်‌ရည်ဆိုင်က ပြန်လာတာ၊သူလာတဲ့အချိန် သစ်ပင်လဲသွားတာ၊ ရဲစာရေးလို့ သိရတယ်”လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ‌ပြောပါတယ်။

သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်ရဲ့ ရုပ်အလောင်းကိုတော့ ပြင်ဦးလွင်နာရေးကူညီမှုအသင်းကားနဲ့ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြင်ဦးလွင်မြို့မှာ မေ ၁၃ ရက်နေ့မှာလည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို လေပြင်းတိုက် ခတ်မှုတွေကြောင့် သစ်ပင်တွေ ပြိုလဲကျတာ၊ ဓာတ်တိုင်တွေ ကျိုးကျတာအပြင် ကားတိမ်းမှောက်မှုတွေလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

သတင်း- သံလွင်တိုင်းမ်ဓာတ်ပုံ – တုသိသာလူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.