စစ်တွေ – မေ(၁၄)

ရခိုင်ပြည်နယ်စစ်တွေမြို့ကို မိုခါမုန်တိုင်းဟာ ဒီနေ့ မေလ(၁၄) ရက် နေ့လည်(၁၂) နာရီမိနစ်(၃၀) မှာ လေတိုက်နှုန်း တစ်နာရီမိုင်(၁၃၀) နှုန်းနဲ့ဝင်ရောက်လာနိုင်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

စစ်တွေကနေတဆင့် စစ်ကိုင်းတိုင်း၊မန္တလေးတိုင်း၊မကွေးတိုင်း၊ဧရာဝတီတိုင်းနဲ့ ချင်းပြည်နယ် တို့ကို တစ်နာရီ မိုင်(၇၀) ကနေ မိုင်(၉၀)နှုန်းနဲ့ ဆက်လက်ဖြတ်ကျော်သွားနိုင်တယ်လို့ မိုဇလက ခန့်မှန်းထားတာပါ။


မိုခါမုန်တိုင်းအရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်တာ၊လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုမှုတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတိပေးထား ပါတယ်။

မုန်တိုင်းတိုက်ခတ်နေစဉ်အတွင်း လှိုင်းအမြင့်ဟာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ (၁၆) ပေကနေ ပေ(၂၀) အထိရှိနိုင်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.