ဂွမြို့ – မေ(၁၄)
ရခိုင်ပြည်နယ်၊ ဂွမြို့ ရွှေဦးကွင်းရွာမှာ လေပြင်းတိုက်ခတ်မှုတွေကြောင့် သစ်ပင်ပြိုလဲတာ၊ နေအိမ် အဆောက်အအုံပျက်စီးတာနဲ့ အိမ်ခေါင်မိုးလန်တာတွေအပြင် ဓာတ်တိုင်တွေ ပြိုလဲတာတွေ ဖြစ်နေ တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
လက်ရှိအခြေအနေမှာ မိုးကျနေပြီး လေအနည်းငယ်တိုက်ခတ်နေပြီဖြစ်တဲ့အတွက် မုန်တိုင်း ရှောင်ဖို့ ကမ်းနားပိုင်းရပ်ကွက်တွေမှာ နေထိုင်သူတွေကို မြို့ပေါ် ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်း တွေမှာ ပြောင်းရွှေ့နေရာချပေးထားတဘ်လို့ ထာဝရမေတ္တာနာရေးကူညီမှုအသင်းတာဝန်ရှိသူ တစ်ဦး ကပြောပါတယ်။
ရခိုင်ပြည်နယ်ကို ဦးတည်တိုက်ခတ်လာတဲ့ မိုခါမုန်တိုင်းကြောင့် လူဦးရေ သန်းနဲ့ချီ ထိခိုက်နိုင်တယ် လို့ နိုင်ငံတကာမိုးလေဝသပညာရှင်တွေက သုံးသပ်ထားပါတယ်။
မိုခါမုန်တိုင်းအရှိန်ကြောင့် မုန်တိုင်းဒီရေမြင့်တက်တာ၊လေပြင်းတိုက်ခတ်တာ၊ မိုးကြီးတာ၊ ရုတ်တရက်ရေကြီးတာနဲ့အတူ မြေပြိုမှုတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက သတိပေးထား ပါတယ်။
စစ်တွေမြို့ အနောက်တောင်ဘက် မိုင်(၁၀၀) အကွာကို ဗဟိုပြုနေတဲ့ မိုခါမုန်တိုင်းဟာ နောက် (၂) နာရီအတွင်း အဲဒီမြို့ရဲ့ မြောက်ဘက် (၂၅) မိုင်အကွာက ကျောက်ပန္ဒူရွာနားကနေ စတင်ဝင် ရောက်နိုင်တယ်လို့ မိုးလေဝသ လေ့လာစောင့်ကြည့်သူ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Ko Gyi Kyaw