ရန်ကုန် – မေ(၁၃)
ရန်ကုန်တိုင်း၊သာကေတမြို့နယ် (၉) ရပ်ကွက်၊ ဧရာဝဏ်လမ်းမှာဖွင့်ထားတဲ့ ကြယ်စင်လင်း ဆိုတဲ့ ရွှေဆိုင်ကို လူလေးဦးက သေနတ်ပြ လုယက်သွားခဲ့တယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ နဲ့နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဖြစ်စဉ်မှာ ဒီနေ့ မေလ(၁၃) ရက်နေ့ မနက်(၁၀) နာရီခွဲလောက်က ပရိုဘောက်စ် ကားအဖြူရောင် နဲ့ လူ(၄)ဦးကပစ္စတိုသေနတ်ပြပြီး ဝန်ထမ်းတွေကို ခြိမ်းခြောက်ပြီး လုယက်ခဲ့ကြတာပါ။
လုယက်မှုဖြစ်ပြီးနောက် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေ လာရောက်စစ်ဆေးတာတွေ ပြုလုပ်သွားတယ်လို့ သိရပါတယ်။
လက်တလော စစ်ဆေးချက်တွေအရ လုယက်သူတွေဟာ ရွှေဆိုင်ဝန်ထမ်းတွေကို ဆိုင်နောက် ခန်းမှာထိုင်ခိုင်ထားပြီးနောက် ရွှေထည်ပစ္စည်း သိန်း(၄၀၀၀) ဖိုးလောက် လုယူကာ သူတို့ ပါလာ တဲ့ကားနဲ့ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ