စစ်တွေ – မေ(၁၃)
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ ဒီနေ့ မေလ(၁၃) ရက်နေ့ မနက်ပိုင်း အခြေအနေမြင်ကွင်းတွေကို ဖော်ပြ ပေးလိုက်ပါတယ်။
စစ်ကောင်စီ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ရခိုင်ပြည်နယ်က မြို့နယ်(၇) မြို့နယ်ကို အနီရောင်အဆင့်အဖြစ် သတ်မှတ်ထားပြီး အဲဒီမြို့နယ်တွေထဲမှာ စစ်တွေမြို့လည်း အပါအဝင်ဖြစ်ပါ တယ်။
လက်ရှိအချိန်မှာတော့ စစ်တွေမြို့ခံတွေဟာ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ကြောင့် မုန်တိုင်းရှောင်ဖို့ မြို့ကို စွန့်ခွာနေတာတွေလည်း ရှိနေပါတယ်။
မုန်တိုင်းဟာ စစ်တွေမြို့ အနီး မှဖြတ်ကျော်ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး လက်ရှိအခြေ အနေမှာ လေတိုက်နှုန်း အမြင့် ဆုံး တစ်နာရီမိုင်(၁၁၀) အထိရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာ လည်း (၁၃) ပေကနေ(၁၆) ပေအထိ ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။
သတင်း/ဓာတ်ပုံ – သံလွင်တိုင်းမ်