ရန်ကုန်၊ မေလ (၁၃)
မိုခါမုန်တိုင်းဟာ ရခိုင်မြောက်ပိုင်းကို ဦးတည်နေပြီး တစ်နာရီ ၁၃၂ မိုင်ကနေ ၁၄၀ မိုင်အထိ လေပြင်းတွေတိုက် ခိုက်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်စုစုစံက ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ နေထိုင်သူတွေအနေနဲ့ အထူးသတိပြုကြဖို့နဲ့ အဲဒီဒေသကို ဦးတည်နေတဲ့ မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ အဖျက်စွမ်းအားအပြင်းထန်ဆုံးလို့ သတ်မှတ်ထားတဲ့ တစ်နာရီလေတိုက်ခတ် နှုန်း ၁၃၂ မိုင်နဲ့ လေပြင်းတိုက်ချိန် ၁၄၀မိုင်တိုက်ခတ်နိုင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီမိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း ဒီကနေ့ကနေ နောက်(၂၄) နာရီအတွင်း ရန်ကုန်မှ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပင်လယ်ပြင်မှာ လှိုင်းအခြေအနေဟာ လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီး လာပြီး လှိုင်းအမြင့် (၁၄)ပေမှ (၁၈)ပေခန့်အထိ ရှိလာနိုင်တယ်လို့ ဆိုထားပါတယ်။
အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်းမိုခါရဲ့ အရှိန်ကြောင့် ဒီကနေ့နံနက်ကနေ မေ(၁၅) ရက်နေ့အတွင်းနေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေး တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင်စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ ရှမ်းပြည်နယ်၊ ကယားပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ထားပါတယ်။
သတင်း-သံလွင်တိုင်း
ဓာတ်ပုံ-Su Su San FB