ရန်ကုန်၊ မေ(၁၃)
ပြည်တွင်းမှာပြေးဆွဲနေတဲ့ လေကြောင်းလိုင်းတွေကို မေလ(၉) ရက်နေ့ကစပြီး မုန်တိုင်းငြိမ်သက်ချိန်အထိ မုန်တိုင်းကာလအဖြစ် သတ်မှတ်ထားတာကြောင့် လေကြောင်းလိုင်းတွေ ယာယီပိတ်သိမ်းဖို့ စစ်ကောင်စီ ဟိုတယ်နဲ့ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ပါတယ်။
လက်တလောမှာ မုန်တိုင်းအန္တရာယ်ကြောင့် လေကြောင်းလိုင်းတွေကို ယာယီရပ်နားလိုက်တဲ့အ တွက် ငပလီကမ်းခြေက ပြန်မရဖြစ်နေတဲ့ ခရီးသွားဧည့်သည်တွေကို မုန်တိုင်းပြီးချိန်အထိ ဆက် လက်နားခိုခွင့် ပေးထားတယ်လို့ သိရပါတယ်။
လေကြောင်းလိုင်းတွေ ယာယီပိတ်သိမ်းထားပေမယ့် ခရီးသွားကို ဟိုတယ်တွေမှာ ထိန်းသိမ်းစောင့် ရှောက်ထားဖို့ မှာကြထားတယ်လို့ ရခိုင်ပြည်နယ် ဟိုတယ်နဲ့ ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွဋ်အောင်က စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကို ဖြေဆိုထားပါတယ်။
မုန်တိုင်းအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဝန်ထမ်းတွေကို လမ်းညွှန်ထားသလို ဟိုတယ်နဲ့တည်းခိုခန်းတွေကိုလည်း မုန်တိုင်းနဲ့ပတ်သက်တဲ့ ကြိုတင်အသိပေးတာတွေလုပ်ခိုင်းထားတယ်လို့ ဆိုပါတယ်။
မိုခါမုန်တိုင်းဟာ ဒီနေ့ မေလ(၁၂) ရက်နေ့ကစပြီး နောက်(၄၈) နာရီအတွင်း စစ်တွေမြို့အနီးကနေ ဖြတ်ကျော်ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး လက်ရှိအခြေအနေမှာ လေတိုက်နှုန်း အမြင့်ဆုံး တစ်နာရီမိုင်(၁၁၀) အထိရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃) ပေကနေ(၁၆) ပေအထိ ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မိုခါမုန်တိုင်းကြောင့် ငါးဖမ်းရေယာဉ်/လှေ/ သင်္ဘောတွေ အထူးအန္တရာယ်ရှိတဲ့အတွက် မေလ(၁၂) ရက်နေ့ မွန်းတည့် (၁၂) နာရီကစပြီး မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်ကို လုံးဝမထွက်ကြဖို့လည်း သတိပေးထားပါတယ်။
သတိပေးညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်တာမရှိရင် သက်ဆိုင်ရာက လိုအပ်သလို အရေးယူဆောင်ရွက်သွားမှ ာဖြစ်တယ်လို့လည်း စစ်ကောင်စီကဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -MOI