ဘန်ကောက် – မေ(၁၄)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းက ဘုန်တော်ကြီး ကျောင်းတစ်ခုကို လှူဒါန်းထားတဲ့ ဘတ်ငွေ သန်း (၃၀၀) ကျော်တန်ဖိုးရှိတဲ့ ဝတ္ထုငွေ ဆက်စပ်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တယ်လို့ သံသယရှိ တဲ့ ရဟန်း(၇) ပါး အပါအဝင် (၉) ဦးဖမ်းဆီးခံထားရပါတယ်။ 

အကျင့်ပျက်ခြစားမှုနဲ့ အလွဲသုံးစားပြုမှုတွေအတွက် ပြစ်မှုဆိုင်ရာရုံးတော်က ဘာသာရေး ဦးဆောင်တဲ့ ရဟန်းတွေရဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ဆိုထားပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး ရဟန်းတစ်ပါး၊ခွမ် ခွန်င်ကရောင့်နဲ့ သူရဲ့ အစ်မဖြစ်သူ လူ(၂)ဦး အပါအဝင် ပထမ်ခီရီဘုန်တော်ကြီးကျောင်းထိုင်ဆရာတော်တို့ကို ပထမဆုံး ဖမ်းဆီးခဲ့တာပါ။ 

လူပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ခွမ်နဲ့ ကျောင်းထိုင်ဆရာတော်တို့ဟာ ဘုန်းကြီးကျောင်းရဲ့ အလှူငွေ ဘတ်သန်း (၁၈၀) ကျော်ကို ခိုးယူခဲ့တဘ်လို့ သံသယ ရှိနေကြပြီး အဲဒီဘုန်းတော်ကြီး ကျောင်း ဟာ နခွန်ရတ်ချာဆီမာ ခရိုင်ဒေသန္တရမှာ တည်ရှိတယ်လို့ သိရပါတယ်။ 

ခွမ်နဲ့ ကျောင်းထိုင်ဆရာတော်တို့ဟာ ဘုန်းကြီးကျောင်းရဲ့ ငွေစာရင်းက ခွမ်ရဲ့ အစ်မဖြစ်သူရဲ့ ငွေစားရင်းထဲကို ငွေတွေထည့်သွင်းပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အဲဒီအမျိုးသမီးရဲ့ ဘဏ်စာရင်းမှာ ဘတ်ငွေ သန်း(၁၃၀) ရှိပြီး နောက်ထပ် ဘတ်(၅၁) သန်းကို ငွေသားအဖြစ်သူမရဲ့ အိမ်မှာ သိမ်းဆည်းထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ခွမ်ဟာ ခိုးယူရရှိထားတဲ့ အလှူငွေတွေကို အသုံးပြုပြီး လက်ဝတ်ရတနာဝယ်ယူဖို့ အကြံ ပေးခဲ့တယ်လို့ ကျောင်းထိုင်ဆရာတော်က ပြောခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။ 

ခွမ်ဖမ်းဆီးခံရပြီးနောက် သူဟာ အဖိုးတန်ရတနာတွေကို ဖွက်ထားတဲ့ တခြား သံသယ တရားခံ (၆) ဦးကို ဖော်ခဲ့တာဖြစ်ပါတယ်။ 

ရဲတပ်ဖွဲ့ပြီးခဲ့တဲ့ ရက်ပိုင်းက ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး ရဟန်းတွေသီတင်းသုံးနေထိုင်ရာ မြေအောက်မှာ မြှုပ်နှံထားတဲ့ ငွေသား လက်ဝတ်ရတနာနဲ့ ငွေသား တန်ဖိုးဘတ်သန်း(၁၀၀) ကျော် ကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီဖမ်းဆီးမှုမှာ ရဟန်း(၅) ပါးနဲ့ ယာဉ်မောင်း(၁) ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပြီး ထိုင်း နိုင်ငံ The Nation သတင်းဌာနရဲ့ အစီရင်ခံမှုမှာတော့ ခွမ်ဟာ သူရဲ့ ဆုတောင်းပုံတွေနဲ့ ကိုးကယ် ဆည်းကပ်သူတွေကို ဆွဲဆောင်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

ဒေသခံတွေရဲ့ ပြောဆိုချက်အရ ကားအကောင်းစားတွေစီးကာ ကြွရောက်လာလေ့ရှိတဲ့ ဘုန်း တော်ကြီး ကျောင်းက ဆရာတော်တွေဟာ ကိုးကွယ်သူတွေကို ဆွဲဆောင်နိုင်တယ်လို့ ဆိုကြပါ တယ်။ 

သံသယ တရားခံတွေဟာ သက်သေအားလုံးကို မလျော်မကန်ပြုပြီး ရှောင်ရှားကာ ရုံးတော် မတိုင်ခင် နိုင်ငံက ရှောင်ခွာထွက်ပြေးနိုင်တဲ့အတွက် အာမခံမပေးဘဲ ဖမ်းချုပ်ထားတယ်လို့ သိရပါတယ်။

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.