တိုကျို၊ မေ(၁၄)

 G7 အဖွဲ့ဝင် နိုင်ငံတွေရဲ့ လာမယ့်အပတ်မှာကျင်းပမယ့် ထိပ်သီးခေါင်းဆောင်တွေအစည်းအဝေး မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေသို့ ကာကွယ်ဆေး‌ဖြန့်ဝေရေး အစီအစဉ်သစ်တစ်ခုကို တည်ဆောက်ဖို့ သဘောတူညီ ထားပြီးဖြစ်တယ်လို့ ဂျပန်နိုင်ငံက ရိုမီယူရီ သတင်းစာက ဖော်ပြထားပါတယ်။ 

G7 အပြင် အိန္ဒိယကဲ့သို့ G20 နိုင်ငံတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၊ ကမ္ဘာ့ဘဏ်ကဲ့သို့သော နိုင်ငံတ ကာ အဖွဲ့တွေလည်း ပါဝင်မှာဖြစ်ကြောင်း ဂျပန်အစိုးရသတင်းရင်းမြစ်တွေက ပြောကြားခဲ့တာပါ။

ကိုဗစ်ကပ်ဘေးကာလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့Global Alliance for Vaccines and Immunization (GAVI) တို့မှ ၁၄၆ နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၂ ဘီလီယမ်နီးပါးဖြန့်ဝေထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း ချမ်းသာတဲ့နိုင်ငံတွေဟာ သူတို့ရဲ့နိုင်ငံသားတွေကိုသာ  ဦးစားပေးခဲ့ကြတာပါ။ ဆင်းရဲတဲ့ နိုင်ငံတွေမှာတော့ သိုလှောင်ရုံတွေ မလုံလောက်ခြင်းကြောင့် ထောက်ပံ့မှုနှောင့်နှေးခြင်းနဲ့ သက်တမ်းကုန် ဆေးဝါး သန်းပေါင်းများစွာကို စွန့်ပစ်ရခြင်းတို့ ဖြစ်ပေါ်ခဲ့ပြီး COVAX အနေနဲ့ ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါ တယ်။

အခုအစီအစဉ်အသစ်မှာတော့ မိုးရာသီအတွင်း ကာကွယ်ဆေးထုတ်လုပ်ခြင်းနဲ့ ဝယ်ယူမှုတွေအတွက် ပံ့ပိုးမယ့် ရန်ပုံငွေအပြင် လာမယ့်ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါအတွက် ကြိုတင်ပြင်ဆင်ဖို့အတွက် ရင်းနှီးမြှုပ်နှံဖို့ပြင်ဆင် ထားတယ်လို့ သိရပါတယ်။

ဒီအစီအစဉ်တွေထဲမှာတော့ နိမ့်ကျတဲ့ အပူချိန်အတွင်း သိုလှောင်ထားနိုင်တဲ့ နေရာတွေနဲ့ ကျန်းမာရေးဝန် ထမ်းတွေကို လေ့ကျင့်ရေးသင်တန်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ရည်ရွယ်ထားတာတွေလည်း ပါဝင်နေပါတယ်။

အခုနှစ် G7 အစည်းအဝေးမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဂျပန်နိုင်ငံဟာ ကုန်စည် ထောက်ပံ့ရေး ကွင်း ဆက်တွေ၊ စားနပ်ရိက္ခာဖူလုံရေးနဲ့ ရာသီဥတုပြောင်းလဲမှုကဲ့သို့သော ကျယ်ပြန့်တဲ့ကိစ္စရပ်တွေနဲ့ ဆက်စပ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပံ့ပိုးကူညီမှုကိုပါ တည်ဆောက်ဖို့ ရည်မှန်းထားတာပါ။

G7 ဟာ အိန္ဒိယနိုင်ငံမှာ သြဂုတ်လတွင်ကျင်းပမယ့် G20 ဘဏ္ဍာရေးနဲ့ ကျန်းမာရေးဝန်ကြီးများ အစည်းအဝေး မတိုင်မီ နိုင်ငံတကာ ကပ်ရောဂါရန်ပုံငွေတစ်ရပ်ကို စီမံခန့်ခွဲနိင်ဖို့ WHO နဲ့ကမ္ဘာ့ဘဏ်တို့ နဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားထားပါတယ်။

ဗြိတိန်၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်နဲ့ အမေရိကန်တို့ပါဝင်တဲ့ G7 အစုအဖွဲ့ဟာ မေလ ၁၉ ရက်မှ ၂၁ ရက်အထိ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပမယ့် Yomiuri ထိပ်သီးအစည်းအဝေးမှာ ကမ္ဘာ့ကပ်ရောဂါတုံ့ပြန်မှုဆိုင်ရာ ကြေညာချက်ထုတ်ပြန်ဖို့လည်း စဉ်းစားနေတာဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.