တောင်ကုတ်၊ မေ (၁၃)
မိုခါမုန်တိုင်းကျရောက်မယ်လို့ ကြိုတင်ခန့််မှန်းထားတဲ့ ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်ရှိ မုန်တိုင်းအန္တရာယ်ကျရောက်နိုင်တဲ့ ပင်လယ်ကမ်းခြေကျေးရွာတွေက ဒေသခံတွေကို ခရိုင်သဘာဝဘေးအန္တ ရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီက မုန်တိုင်းဘေးလွတ်ရာနေရာ ယာယီစခန်းအဖြစ် သတ်မှတ်ထားတဲ့ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတွေဆီကို ပြောင်းရွှေ့ပေးနေတယ်လို့သိရပါတယ်။
ယာယီခိုလှုံရာစခန်းတွေဆီကို ရွှေ့ပြောင်းနေတဲ့ ဒေသခံတွေဟာ ငမောက်ချောင်း ကျေးရွာအုပ်စု ၊ ဖောင်းခါးကျေးရွာအုပ်စု ၊ ဂျီပြင်ကျေးရွာအုပ်စု ၊ အရှေ့ဘက်ကျေးရွာအုပ်စု ၊ ညောင်ပင်ဆိပ် ကျေးရွာအုပ်စု နှင့် ကုလားရောင်ကျေးရွာအုပ်စုတွေက ပြည်သူတွေဖြစ်တယ်လို့လည်းသိရပါတယ်။
အဲဒီဒေသခံအများစုကို တောင်ကုတ်မြို့ပေါ်ရှိ သိမ်တောင်ဘုရားကြီးကျောင်းတိုက် ၊ အာလိန်ငါး ဆင့် ကျောင်းတိုက် ၊ ဝိသုဒ္ဒါရုံကျောင်းတိုက် ၊ ဝိသုတာရာမ ကျောင်းတိုက်နဲ့ သဓမ္မ ရောင်ရှိန်ကျောင်း တိုက်တွေမှာ ယာယီစီစဉ်နေရာချထားပေးနေတာာပါ။
တချို့ဒေသခံတွေကိုတော့ ကျေးရွာတွေမှာရှိတဲ့ ဆိုင်ကလုန်း Shelterတွေ ၊ စာသင်ကျောင်းတွေနဲ့ အမြင့်ပိုင်းမှာရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာနေရာရွှေ့ထားပေးနေပြီး မေလ (၁၃)ရက် ယနေ့နံနက်ပိုင်းအထိ ဒေသခံ (၅၇၀၅)ဦးပြောင်းရွှေ့ပြီးဖြစ်တယ်လို့သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ_ TMN FB