စစ်တွေ – မေ(၁၂)

ရခိုင်ပြည်နယ်က မြို့နယ် (၇) မြို့နယ်ကို ဒီနေ့ မေလ(၁၂) ရက်နေ့ နေ့လည် (၁)နာရီ(၄၅) မိနစ်ကစပြီး အနီရောင်အဆင့် သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီ မိုးလေဝသနဲ့​ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

အဲဒီ(၇) မြို့နယ်ဟာ စစ်တွေ၊မောင်တော၊ကျောက်ဖြူ၊မာန်အောင်၊ပေါက်တော၊မြေပုံနဲ့ ရသေ့တောင် မြို့နယ်တို့ဖြစ်တယ်လို့ ဆိုထားပါတယ်။ အနီရောင်အဆင့်သတ်မှတ်ခံထားရတဲ့ မြို့နယ်တွေမှာ နေထိုင်သူတွေအနေနဲ့ မဖြစ်မနေ ပြောင်းရွှေ့ဖို့ လိုအပ်တယ်လို့ တိုက်တွန်းထားပါတယ်။

မုန်တိုင်းဟာ ဒီနေ့မေလ(၁၂) ရက်နေ့ကစပြီး နောက်(၄၈) နာရီအတွင်း စစ်တွေမြို့ အနီး မှဖြတ်ကျော်ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး လက်ရှိအခြေအနေမှာ လေတိုက်နှုန်း အမြင့် ဆုံး တစ်နာရီမိုင်(၁၁၀) အထိရောက်ရှိနိုင်ပြီး လှိုင်းအမြင့်မှာလည်း (၁၃) ပေကနေ(၁၆) ပေအထိ ရောက်ရှိနိုင်တယ်လို့ စစ်ကောင်စီပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထား ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.