မော်လမြိုင်၊ မေ ( ၁၂)
ဆိုင်ကလုန်းမုန်တိုင်းမိုခါရဲ့ မုန်တိုင်းမျက်စိပေါ်လာနေပြီဖြစ်ကာ (၃)နာရီကနေ (၆)နာရီအတွင်း Cat4 အဆင့်ရှိ အဖျက်စွမ်းအားပြင်း မုန်တိုင်းအဖြစ်ကို ရောက်ရှိတော့မယ်လို့ မိုးလေဝသပညာရှင်တွေက အရေးပေါ်သတိပေး ချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။
မိုးလေဝသပညာရှင် ဒေါ်စုစုစံက “ မုန်တိုင်းမျက်စိပေါ်လာပါပြီ ယခု Cat 3 မှ ၆နာရီအတွင်း Cat4 အဆင့်ရှိ အဖျက်စွမ်းအားပြင်း powerful cyclone အဖြစ်ကို ရောက်ရှိလာပါတော့မယ်။ ရက်တွေအဝေးကြီးကထဲက ကြိုတင်သတိပေးပြီးဖြစ်လို့အဆင်သင့်ကြိုတင်ပြင်ဆင်ကြပြီးကြလိမ့်မယ် လို့မျှော်လင့်ပါတယ် “ သူမရဲ့ လူမှုကွန်ရက်နေ မေ (၁၂)ရက် ညနေ ၃ နာရီမှာ ထုတ်ပြန် ပြောကြားလိုက်တာပါ။
ကမ္ဘာ့သဘာဝဘေး သတိပေးချက်ထုတ်ပြန်ခြင်းနဲ့ ပူး ပေါင်းဆောင်ရွက်မှုစနစ်(GDACS) ကတော့ မြန်မာ၊ဘဂ်လားဒေ့ရှ်နဲ့ အိန္ဒိတို့ကို ဖြတ်သန်းတိုက်ခတ်မယ့် အနီရောင်အဆင့်ရှိ မိုခါမုန်တိုင်းကြောင့် လူဦးရေး ၂ ဒဿမ ၆ သန်းကျော်ခန့် လူသားချင်းစာနာထောက်ထားမှုအကူ အညီတွေ လိုလာနိုင်တယ်လို့ မေ ( ၁၂)ရက် အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
သတင်း-သံလွင်တိုင်း
ဓာတ်ပုံ- Su Su San Fb