ပုသိမ်၊ မေ(၁၂ )

မိုခါ(MOCHA) ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်နိုင်မယ့် အခြေအနေကြောင့် ပုသိမ်ခရိုင်ချောင်းသာ ကမ်းခြေမှာ ရှိတဲ့ ဒေသခံပြည်သူ (၇၀) ရာခိုင်နှုန်းကျော်ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေကြပြီဖြစ်တယ်လို့ အဲဒီဒေသမှာ မုန်တိုင်းနဲ့ပတ်သက်လို့ စောင့်ကြည့်နေတဲ့ ကယ်ဆယ်ရေးတာဝန်ခံတစ်ဦးကဆိုပါတယ်။

“ မနေ့တည်းက ရွှေ့ပြောင်းနေကြတာ။ လက်ရှိအခြေ အနေအထိတော့ ထူးထူးခြားခြား ဘာမှမရှိဘူး။ မိုးရွာ တယ်၊ လေနည်းနည်းတိုက်တယ်။ ခရိုင်တစ်ခုလုံးက တော့ စောင့်ကြည့်နေတဲ့ အခြေအနေပေါ့ဗျာ။ ရွှေ့ပြောင်း သင့်တဲ့နေရာက သူတွေလည်း ကြိုတင်ရွှေ့ပြောင်းနေကြပါပြီ။ ဒေသခံ ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်လောက် ရှိတယ်” လို့ ဆိုပါတယ်။ဒါ့အပြင် ချောင်းသာနဲ့ငွေဆောင်ကမ်းခြေမှာရှိတဲ့ ဟို တယ်တွေအနေနဲ့လည်း ဟိုတယ်အလိုက် ကိုယ့်အစီအ စဉ်နဲ့ ကိုယ်ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေကြတယ်လို့ ချောင်းသာဟိုတယ်ဇုန် တာဝန်ရှိသူတစ်ဦးကလည်း သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ ဒီမှာရှိတဲ့ဟိုတယ်တွေကိုတော့ တရားဝင်ပိတ်ထားပါဆိုတာမျိုးတော့ အကြောင်းကြားတာမရှိသေးဘူး။ ဧည့် သည်လာတဲ့ ရာသီလည်းမဟုတ်တော့လေ။ ဟိုတယ်အလိုက်လည်း ကိုယ့်အစီအစဉ်နဲ့ကိုယ်တော့ ကြိုတင် ကာကွယ်မှုလုပ်ထားရတာပေါ့။ မနေ့က ညနေပိုင်းလောက်မှာရော ဒီနေ့မှာရော ကမ်းခြေစောင့် ကြည့်ရေးအဖွဲ့ တွေ စောင့်ကြည့်နေတာရှိတယ်။ မိုးလေဝသ သတင်းကတော့ အမြဲဖွင့်ထားရတယ်”လို့ ဆိုပါတယ်။

မုန်တိုင်းသတင်း ထုတ်ပြန်ကြေညာထားရာမှာ ဧရာဝ တီတိုင်း၊ ပုသိမ်ခရိုင်အတွင်းမှာရှိတဲ့ ရွှေသောင်ယံမြိုနယ်ခွဲ၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်းနဲ့ လပွတ္တာမြို့နယ်မှာရှိတဲ့ ကမ်းခြေဒေသတွေပါဝင်တယ်လို့ ဆိုပါတယ်။

အလားတူဘဲ မိုခါ(MOCHA) ဆိုင်ကလုန်းမုန်တိုင်းဟာ ရခိုင်ပြည်နယ်အတွင်း အနီးစပ်ဆုံးတိုက်ရိုက် ဝင်ရောက် နိုင်တဲ့အခြေအနေကြောင့် သံတွဲခရိုင်အတွင်းမှာ ဖွင့်ထားတဲ့ ဟိုတယ်မိုတယ်နဲ့ တည်းခိုခန်းတွေ အားလုံးကို မေ (၉ )ရက်ကစပြီး ယာယီပိတ်ထားဖို့ စစ်ကောင်စီ လက် အောက်ခံ ဟိုတယ်နဲ့ခရီးသွားလာရေးညွှန်ကြားမှု ဦးစီး ဌာနက ထုတ်ပြန်ထားပါတယ်။

မိုခါမုန်တိုင်း အသိပေးထုတ်ပြန်ချက်ကို လိမ္မော်ရောင်အဆင့်သတ်မှတ်ထားပြီး၊ မုန်တိုင်းကြောင့် အန္တရာယ်အများဆုံးဇုန်အဖြစ် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းမှာ ရှိတဲ့ မောင်တောခရိုင်- ဘူးသီးတောင်မြို့နယ် အပါအဝင် စစ်တွေခရိုင်-(စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ် )၊ ကျောက်ဖြူခရိုင်- (ကျောက်ဖြူ ၊အမ်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင် မြို့နယ်၊ သံတွဲမြို့နယ်) နဲ့ သံတွဲခရိုင်အတွင်းမှာရှိတဲ့ ( ကျိန္တလီမြို့နယ်ခွဲနဲ့ ဂွမြို့နယ်)တို့ ဖြစ်တယ်လို့ ထုတ်ပြန် ချက်တွေအရသိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.