တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ စာရင်းတွေအရ အာဏာသိမ်းမှု နှစ်နှစ်ကျော်ကာလအတွင်း ဒေသခံအရပ် သားပြည်သူ ၃၀၀ ကျော် သတ်ဖြတ်ခံထားရသလို စစ်ရှောင်ပြည်သူ ၁၃၄ ဦး သေဆုံးခဲ့ရပြီး လေကြောင်းတိုက်ခိုက်မှု ကြိမ်ရေ ၃၆၀ ကျော် ရှိတယ်လို့ မေ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ကရင်နီပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းကာလအတွင်း အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တဲ့ ဖြစ်စဉ်အများဆုံးဖြစ်နေပြီး မိသားစုအလိုက် သတ်ဖြတ်ခံရတဲ့ အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ခံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အရပ်သားပြည်သူတွေ သေဆုံးနေတဲ့ အကြောင်းအရင်း တွေ၊ အဆိုးဝါးဆုံး ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာဦးဗညားနဲ့ ဆက်သွယ် မေးမြန်းချက်။
-အရင်ဆုံး ကရင်နီပြည်နယ်မှာ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဟာ ဘယ်လောက် အခြေအနေတွေအထိ ဆိုးဝါးလာ ပြီးလဲ။ ဒီအပေါ်မှာ ပြောပြပေးပါဦး။
ကျွန်တော်တို့ ပြည်နယ်မှာ အမြဲတမ်းပြောလေ့ရှိတာကတော့ ကရင်နီပြည်နယ်က ကျွန်တော်တို့ ပြည်နယ်သ မိုင်းမှာဆိုရင် ဒီတစ် ကြိမ်ကအဆိုးဝါးဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှု ကာလတစ်ခုထဲကို ဆိုက်ရောက် နေပြီပေါ့။ ရောက်ရှိနေပြီလို့ အမြဲတမ်းပြော လေ့ရှိပါတယ်။ ဒီတစ်ကြိမ်လောက် မများဘူးပေါ့။ ကျွန်တော်တို့ ပြည်နယ်မှာ အရပ်သားပြည်သူကို စစ်ကောင်စီက သတ်ဖြတ် ခြင်းခံရတဲ့ထဲမှာ ၃၀၀ကျော်၊ ၄၀၀နီးပါးဖြစ် သွားတယ်။
အကြောင်းရင်းအမျိုးမျိုးကြောင့် စခန်းတွေထဲမှာ သေဆုံးတာပေါင်းရင် ဒီထက်ပိုများတယ်။ စစ်ကောင်စီ နဲ့ မကင်းတဲ့ သေဆုံး မှုတောင်မှ ၄၁၀ ကျော်သွားပြီ။ သေဆုံးမှု ၄၀၀ ကမများဘူးလို့ အကြမ်းဖျင်းအားဖြင့် ကိန်း ဂဏန်းကြည့်ရင် ကြည့်လို့ရတယ်။ နှစ်ပိုင်းကို ပြန်ကြည့်စေချင်တယ်။ တစ်အချက်က ကျွန်တော်တို့ ပြည်နယ်ရဲ့ လူဦးရေက တစ်ရာခိုင်နှုန်း သေဆုံးသွားပြီဆိုတဲ့ သဘောပဲဖြစ်တယ်။ ကျွန်တော်တို့ ပြည်နယ်မှာ ဖယ်ခုံမြို့နယ် အပါအဝင် ကရင်နီဆိုတဲ့ဝေါဟာရကိုသုံးပြီး အရင်သမိုင်းဖြစ်စဉ်ကို အခြေခံပြီးသုံးတဲ့အတွက်ကြောင့် အနည်း ဆုံး လူဦးရေက လေးသောင်းကျော်ကျော်လေး ရှိတဲ့အချိန်မှာ လေးရာကျော်သေ သွားတယ်။ အဲဒီတော့ တစ်ရာခိုင်နှုန်း သေဆုံးသွားပြီလို့ ပြောလို့ရတယ်။
- အရပ်သားပြည်သူတွေ ဘယ်လို အကြောင်းအရင်းတွေကြောင့် အများဆုံး သေဆုံးမှုတွေ ဖြစ်ပေါ်နေရတာလဲ။
သေဆုံးပုံစံက ဖမ်းဆီးသတ်ဖြတ်ပြီး မီးရှို့တာတော်တော်များတယ်။ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် သေတဲ့ဦးရေက တော်တော် များတယ်။ နောက်ပြီး ဖမ်းဆီးသတ်ဖြတ်တဲ့ပုံစံမှာ မီးရှို့သတ်တာရှိတယ်။ ခေါင်းကိုပစ်ခတ်တာရှိတယ်။ အစုလိုက်အပြုံလိုက် ကျင်းထဲမှာထည့်တာရှိတယ်။ မီးရှို့ပစ်တာတွေ ရှိတယ်။ ဖမ်းဆီးသတ် ဖြတ်တာတွေက အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက် မှုတစ်ရပ်ထဲမှာပါတယ်။ သေဆုံးမှု ပုံစံထဲမှာ။ လမ်း သွားလမ်းလာတွေကို ပစ်ခတ်တယ်။ စစ်ရှောင်တွေရှိတဲ့ စခန်းတွေထဲကို ပစ်ခတ်တယ်။ ကျေးရွာထဲကို ပစ်ခတ် တယ်။ သေဆုံးတာတွေ ဒုတိယအများဆုံးဖြစ်တယ်။ စစ်ကောင်စီက အရပ်သားပေါ် ကျူးလွန်သော အရာတွေ ဖြစ်တယ်။ ရာဇဝတ်မှုမြောက်သောပုံစံပဲ ကျွန်တော့်တို့ တွေ့ရတယ်။ နောက်ပြီးလူသားဒိုင်းအဖြစ် အသုံးပြုလို့ သေဆုံးတာတွေ ရှိတယ်။ မြေမြှုပ်မိုင်းကြောင့် သေဆုံးတာတွေရှိတယ်။ ဒါကတော့ ကျွန်တော်တို့တွေ့နေရတဲ့ သေဆုံးမှုပုံစံဖြစ်တယ်။ အဆိုးဝါးဆုံး လူသေဆုံးမှုပုံစံပေါ့။ ပစ်ခတ်ဒဏ်ရာရမှုကလည်း ၆၀၀ကျော်နေပြီ။
- ကရင်နီပြည်နယ်မှာ အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးရမှုနဲ့ နေအိမ်တွေ ဖျက်ဆီးခံရတဲ့ အခြေအ နေကရော ဘယ်လောက်အထိ ဖြစ်ပွားနေလဲ။
ကျွန်တော်တို့ ပြည်နယ်မှာ အိုးအိမ်ကရွာလည်းနည်းတယ်။ လူဦးရေလည်း နည်းတယ်။ အိမ်လည်းနည်းတယ်။ အရမ်းလည်း ဆင်းရဲတဲ့ ပြည်နယ်ထဲမှာပါတယ်။ လွိုင်ကော်မြို့ကလွဲရင် အထူးသဖြင့် ဒီးမော့ဆိုနဲ့ ဖရူဆိုမှာ လူမရှိတော့ဘူး။ လူမနေတော့ဘူး။ ရွာတွေ၊ မြို့တွေ၊ မြို့နဲ့အနီးနားမှာဆိုရင် ပျက်စီးတဲ့ဒဏ်ကို အကြီးအကျယ်ခံ စားရတယ်။ အိမ်ခြေပေါင်း လုံးဝပျက်စီးသွားတာ ၁၅၀၀ ဝန်းကျင်ရှိသွားပြီ။ ဒါအနည်းဆုံးပေါ့ ။ လက်လှမ်းမှီသလောက်ပေါ့။ အရမ်းကို များလွန်းတယ်။ ကျွန်တော်တို့ ပြည်နယ်ရဲ့ ရှိတဲ့လူဦးရေနဲ့ အိမ်ခြေနဲ့တွက်ရင် အရမ်းကို များလွန်းတယ်။
-နောက်ဆုံးအနေနဲ့ တိုက်ပွဲတွေပြင်းထန်လာမှုနဲ့အတူ ကရင်နီပြည်နယ်ရဲ့ အထွေထွေအကျပ်းအတည် အပါအဝင် ကျန်းမာရေး၊ ပညာရေးကဏ္ဍတွေကရော ဘယ်လို အခြေအနေအထိ ထိခိုက်ပျက်စီးသွားပြီးလဲ။
ကျွန်တော်တို့ ပြည်နယ်ရဲ့ ကျန်းမာရေးလုံးဝကို ပျက်စီးသွားတယ်။ ကုသမှု မလုံလောက်မှုတွေရှိတယ်။ ဆေးဝါးမလုံလောက်မှုတွေ ရှိတယ်။ ပညာရေးအခက်အခဲတွေ အများကြီး ကြုံရတယ်။ သင်ထောက်ကူမရှိလို့ ဖြစ်သလိုပဲ သင်ကြားနေရတယ်။ စားနပ်ရိက္ခာ ပိုင်း ဆိုးဆိုးဝါးဝါး အခြေအနေတစ်ရပ်ကို စပြီးဖြစ်နေတယ်။ အဲဒီ ပုံစံတွေကတော့ အဆိုးဝါးဆုံးအခြေအနေ ရောက်ရှိနေတယ်လို့ အကြမ်းဖျင်း ကျွန်တော်ပြောကြားလို့ ရပါတယ် ခင်ဗျ။