မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ စစ်တပ်အာဏာသိမ်းယူမှုအပြီး စတင်ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်ကြားကာ လ ပူးပေါင်းဆောင် ရွက်ရေးကော်မတီ (MSICC) ကနေ လက်ရှိ နိုင်ငံရေးအခြေအနေအရ ပြည်နယ်ဖက်ဒရယ်ယူနစ် အဖွဲ့အစည်းတစ်ရပ် လိုအပ်နေတဲ့ အတွက် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့မှာ ပြောင်းလဲဖွဲ့စည်းဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ကျင်းပခဲ့တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ပထမ ကြိမ် ညီလာခံမှာတော့ တော်လှန်ရေးကာလနဲ့ကြားကာလမှာ ကျင့်သုံးဖို့ အာဏာသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့ အုပ်ချုပ်ရေးအစီအမံတွေကို ချမှတ်ထားပါတယ်။
ဒါကြောင့် MSFC အနေနဲ့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည် ဖော်ဆောင်ရွက်မှု အခြေအနေ၊ ရင်ဆိုင်နေရတဲ့ အခက်အခဲ စိန်ခေါ်မှု၊ နွေဦးတော်လှန်ရေးမှာ မွန်ပြည်သူတွေကို ဘာတွေများ တိုက်တွန်းလိုက် ပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကောင်စီဝင် နိုင်ထောရော့နဲ့ ဆက် သွယ်မေးမြန်းချက်။
-အရင်ဆုံး MSICC ကနေ စတင်ဖွဲ့စည်းပြီး အမည်ပြောင်းခဲ့လဲလိုက်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဟာ ၄ လကျော်လောက်ရှိခဲ့ပြီဆိုတော့ ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေဖြစ်တဲ့ ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေးနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘာတွေလုပ်ဆောင်နေပြီလဲ။
ကျွန်တော်တို့ MSICC ကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)ကို ညီလာခံကနေတဆင့် ပြောင်းလဲခဲ့တာ ဖြစ်တယ်။ အရင်က MSICC က အာဏာသိမ်းပြီးတော့ စတင်ဖွဲ့စည်းချိန်ဆို ၂နှစ်ကျော်ပြီပေါ့။ MSFC ကျတော့ ညီလာခံကနေ ချမှတ်ထားတဲ့လုပ်ငန်းစဉ်တွေအတိုင်းပဲ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးတွေရှိ တယ်။ အဲဒီကဏ္ဍတွေကို ကော်မတီအလိုက် ဖွဲ့စည်းထားတာဖြစ်တယ်။ အပေါ်က ကောင်စီအနေနဲ့ သွားတာ ရှိတယ်။ ကောင်စီအောက်မှာမှ အုပ်ချုပ်ရေးကော်မတီ၊ တရားစီရင်ရေးကော်မတီ၊ ဥပဒေပြုရေး ကော်မတီ ပါမယ်။ ကော်မတီအောက်မှာမှ ဒီလုပ်ငန်းဖော်ဆောင်တဲ့ အလုပ်အဖွဲ့တွေ ရှိမယ်။ အုပ်ချုပ်ရေးကော်မတီ အောက်မှာဆို လုပ်ငန်းဌာန ၁၀ခုနဲ့ ဖွဲ့ထားတာရှိတယ်။ လုပ်ငန်းဌာန ၁၀ခုကို လည်ပတ်နိုင်ဖို့စပြီး ဆောင်ရွက် နေတာရှိတယ်။ ဒီကော်မတီတွေကလည်း အပတ်စဉ်သူ့ကဏ္ဍနဲ့ သူပေါ့။ တရားဥပဒေကဏ္ဍဆို သူ့ကော်မတီအ လိုက် အစည်းအဝေးထိုင်တာ ရှိမယ်။ ဌာနက ၁၀ခုရှိမယ်။ ပထမဆုံးက ကာကွယ်ရေး၊ ကျန်းမာရေး၊ ပြည်ထဲ ရေး၊ လူသားချင်းစာနာ၊ ပညာရေး၊ အမျိုးသမီးကလေး၊ မြေယာနဲ့ သတင်းပြန်ကြားရေးဌာန၊ ပြင်ပဆက်ဆံ ရေးဌာန၊ ဘဏ္ဍာရေးနဲ့ အခွန်ကောက်ခံတဲ့ ဌာနပါမယ်။ အဲဒီလို၁၀ခုနဲ့ ဖွဲ့ထားတာရှိတယ်။
-ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေနဲ့ ဘယ်လိုမျိုး အခက်အခဲ တွေ ရင်ဆိုင်နေရပါသလဲ။
ကျွန်တော်တို့ အရင်တုန်းက MSICC လုပ်ငန်းစဉ်အချို့ကယ်ဆယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေက ပါလာခဲ့တော့ အရင်ကပုံစံအတိုင်း ချိတ်ဆက်ပြီး လုပ်ဆောင်နေတာရှိတယ်။ ဒီဌာနတွေက ဖြည်းဖြည်းချင်း အကောင်အထည်ဖော်သွားရမယ့် ဌာနတွေပေါ့။ ဒါပေမယ့် အခက်အခဲတော့ ရှိတော့ရှိမှာပါ။ စိန်ခေါ်မှုအရှိဆုံး ပြောရရင် ကျွန်တော်တို့က မြေပြင်အခြေအနေက အခြားတိုင်းဒေသတွေနဲ့မတူဘူး။ စစ်ကိုင်း၊ မကွေးကျတော့ သူတို့ရဲ့ တော်လှန်ရေးအား ပါဝင်မှုနဲ့ တော်လှန်တဲ့အင်အားတွေ အောင်နိုင်မှုက တော်တော်လေး အားကောင်း တယ်။ ကျွန်တော်တို့မှာက တော်လှန်တဲ့အင်အားစုတွေက အားကောင်းတဲ့ အခြေအနေ အခုထိမရောက်နိုင် သေးဘူး။ ဒီဌာနတွေက လုပ်ငန်းတွေကို အကောင်အထည်ဖော်သွားရမယ့် လုပ်ငန်းစဉ်တွေ ဖြစ်တယ်။ အဓိက က အခက်အခဲဆုံးက တရားစီရင်ရေးကဏ္ဍမှာ မြေပြင်အခြေအနေကလည်း လှမ်းမမီနိုင်သေးတဲ့ ကာလဖြစ် တော့ ဒီကော်မတီအနေနဲ့ကျတော့ တော်တော်လေးကို အခက်အခဲတွေ့ပါတယ်။
-မွန်ပြည်ဖက်ဒရယ်ကောင်စီကို ပြည်နယ်အခြေပြု မွန်ပြည်ဖက်ဒရယ်ယူနစ်အဖြစ် သတ်မှတ်ထားတယ်ဆိုတော့ မွန်ပြည်ဖက်ဒရယ်ယူနစ်ကို အကောင်အထည်ဖော်ဖို့ လုပ်ဆောင်ချက်က ဘယ်လိုတွေရှိနေမလဲ။
ကျွန်တော်တို့ရဲ့ CHARTER 1,2 မှာလည်း နိုင်ငံရေးလမ်းပြမြေပုံမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကိုထည့် ထားတာ ရှိတယ်။ ကျွန်တော်တို့ရဲ့ မွန်ဖက်ဒရယ်ကောင်စီကလည်း နိုင်ငံရေးလမ်းပြ ဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စုကို ဦးတည်ထားတာ ရှိတယ်။ ဖက်ဒရယ်သဘောအရ ပြည်နယ်တွေနဲ့ ဖော်ဆောင်မှသာ ဖက်ဒရယ်အ နှစ်သာရကို ပြည့်စုံမယ်လို့ ကျွန်တော်တို့ကခံယူတယ်။ မွန်ပြည်လို့ ကျွန်တော်တို့က သုံးနှုန်းထားပေမယ့် ပြည် ကတော့ State ဆိုတဲ့ဟာကိုပဲ ဦးတည်ထားတာပါ။ ကျွန်တော်တို့ မွန်ပြည်လို့ သုံးတာက ပြည်နယ်အဆင့်ကိုပဲ ပြောတာပါ။ ကရင်နီပြည်လည်း ပြည်ပဲသုံးပါတယ်။ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရှိတဲ့ မွန်ပြည်ဖက် ဒရယ်အတွက် လိုအပ်တဲ့ကြားကာလ အသုံးပြုနိုင်မယ့် ရှေ့ဆက်ဖက်ဒရယ်နိုင်ငံကို သွားမယ့် ဖက်ဒရယ်ဒီမိုက ရေစီကို သွားမယ်ဆိုရင် သူ့ရဲ့ပြည်နယ်အတွက် ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ တန်းတူရေးရှိတဲ့ စနစ်တွေ ဖော် ဆောင်ဖို့ ဆိုတာက သူ့ရဲ့ပြည်နယ်မှာရှိတဲ့ ဖွဲ့စည်းပုံတွေ မရှိမဖြစ်လိုအပ်လာတယ်။ ကျွန်တော်တို့ ဖက်ဒရယ် ကောင်စီမှာ လုပ်ငန်းတစ်ခုအနေနဲ့ ဖော်ဆောင်ထားဖို့ စီစဉ်နေပါတယ်။
- တော်လှန်ရေးကြားကာလမှာ မွန်ပြည်နယ်မှာရှိတဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေကို စုစည်းသွားနိုင်ဖို့ဆိုပြီး MSFC ရဲ့ ပထမကြိမ်ညီလာခံမှာ ချမှတ်ခဲ့တာရှိတော့ အဲဒါနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအခြေအနေရှိနေပြီလဲ။
အာဏာရှင်ကို တွန်းလှန်နေတဲ့ ကောင်စီတစ်ခုဖြစ်တယ်။ နိုင်ငံရေးအစုအဖွဲ့တွေ ပါမယ်။ အမျိုးသမီး အင်အား စုတွေ ပါမယ်။ CSOတွေ ပါမယ်။ ပြည်ပရောက်မွန်အဖွဲ့အစည်းတွေပါမယ်။ ဒီပြည်နယ်ထဲပါတဲ့ တိုင်းရင်းသား အင်အားစုတွေ ပါမယ်။ အခြားတိုင်းရင်းသားဆိုရင်တော့ ကရင်ရယ်၊ ပအိုဝ့်ရယ် ဒီနှစ်ခုပါမယ်။ အခြားဘာသာ နဲ့ လူမျိူးစုတွေပါဖို့ စုစည်းဖို့ ရှိနေပါတယ်။ ကျွန်တော်တို့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ချမှတ်ထားတဲ့ ဒီအ ကုန်လုံး စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ အစုအဖွဲ့ဖြစ်ဖြစ်ပေါ့။ ကျွန်တော်တို့ကောင်စီက လက်ကမ်းပြီး ကြိုဆိုနေပါတယ်။ ဖိတ်လည်းဖိတ်ခေါ်နေပါတယ်။ ကာလတစ်ခုအထိတော့ ဒီအတိုင်းတံခါးဖွင့်ထားပါတယ်။ တချို့သော အင်အားစုတွေက ကျွန်တော်တို့ဆီကို ပူးပေါင်းပါဝင်နိုင်ခြင်း မရှိတာကို နားလည်ပေးပါလို့။
-မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) အနေနဲ့ နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး မွန်ပြည်သူတွေကို ဘာများ သတင်းစကားပါးချင်လဲ။ဘာတွေ တိုက်တွန်းချင်တာ ရှိမလဲ။
ကျွန်တော်တို့ စစ်အာဏာသိမ်းခဲ့တာ နှစ်နှစ်ကျော်ခဲ့ပြီ ။ ဒီနှစ်နှစ်ကျော်ကာလအတွင်းမှာ တော်လှန်ရေးတ လျှောက်ပါဝင်လာခဲ့တဲ့ ပြည်သူတွေက တချို့သောရဲဘော်တွေက တော်လှန်ရေးတွင်းမှာ နေရာထိုင်ခင်းကအစ အစားအသောက် ကျန်းမာရေးအခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်။ ဒီဒုက္ခတွေက ဖြတ်ကျော်နေဆဲ ဒုက္ခ မျိုးစုံနဲ့ ကြုံနေဆဲပဲတွေ့မြင်နေရတယ်။ ဒီနှစ်နှစ်ကျော်ကာလအတွင်းမှာ ကျဆုံးသွားတဲ့ ပြည်သူတွေ ရှိသလို ရိုင်းပြယုတ်မာတဲ့ ဖက်ဆစ်စစ်တပ်က ဖိနှိပ်သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေလည်း ယနေ့အထိ ခံနေ ရတယ်။ ယနေ့ကာလ ပြည်သူတွေရဲ့ တော်လှန်ရေးကာလမှာ ပြည်သူတွေ ဝိုင်းဝန်းထောက်ခံတဲ့ပုံက အခြား တော်လှန်ရေးကာလနဲ့မတူ တမူကွဲပြားနေတယ်။ ပြည်သူ့ထောက်ခံမှု၊ ဝန်းရံမှု အားအကောင်းဆုံးအချိန်၊ ရေ ချိန် အမြင့်ဆုံးလို့ ပြောလို့ရတဲ့ကာလပေါ့။ ကျွန်တော်အမြင်တော့ မကြာတော့တဲ့ကာလမှာ တော်လှန်ရေးရဲ့ အောင်မြင်တဲ့ အသီးအပွင့်ကို ခံစားရမယ်လို့ ယုံကြည်ပါတယ်။ စစ်အာဏာရှင် တော်လှန်မှုကို နည်းမျိုးစုံနဲ့ တိုက်ပွဲဝင်သွားကြပါလို့ တိုက်တွန်းချင်တယ်။ ကျေးဇူးလည်း တင်ပါတယ်။