May 9, 2023

တရုတ်နိုင်ငံအတွင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတဲ့ သတင်းထောက်တစ်ဦးအတွက် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး အထူးစိုးရိမ်နေ

ဆစ်ဒနီ၊ မေ(၁၀) သြစတြေးလျနိုင်ငံသား သတင်းထောက်၊ ရုပ်သံတင်ဆက်သူကို တရုတ်နိုင်ငံမှာ ရက်ပေါင်း ၁၀၀၀ ကျော် ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် ပြန်လွှတ်ပေးပြီး မိသားစုနဲ့ဆုံတွေ့ခွင့်ပေးဖို့ ကန်ဘာရာက တောင်းဆို လိုက်ပါတယ်။ တရုတ်အစိုးရပိုင် CGTN သတင်းဌာနရဲ့ အကြီးတန်းသတင်းတင်ဆက်သူ ချန်လေဟာ ၂၀၂၀ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ ပျောက်ကွယ်သွားခဲ့ပြီ နောက်ပိုင်းမှာ နိုင်ငံပိုင်လျှို့ဝှက်ချက်တွေကို ပြည်ပနိုင်ငံတွေသို့ ထောက်…

ကနေဒါ သံတမန်ကို တရုတ်က လက်တုံ့ပြန်တဲ့အနေနဲ့ ထုတ်ပယ်

ပေကျင်း – မေ(၁၀) ကနေဒါနိုင်ငံ တိုရွန်တိုမြို့က တရုတ်သံတမန်တစ်ဦးကို နိုင်ငံက ထွက်ခွါဖို့ကြေညာခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ တရုတ်နိုင်ငံကလည်း ကနေဒါသံတမန် ဂျန်နီဖာလင်း လာလွန်ဒီကို ထုတ်ပယ်လိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ်ကလည်း ကနေဒါဟာ ဟွာဝေးကုမ္ပဏီရဲ့ ထိပ်တန်း အမှုဆောင်တစ်ဦးကို ဖမ်းဆီးပြီး နောက် တရုတ်နိုင်ငံကလည်း ကနေဒါနိုင်ငံသားနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာခဲ့ကြတာပါ။ လက်ရှိအချိန်မှာတော့ ဖမ်းဆီးခံထားရသူတွေအားလုံးပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့်…

အင်ဒိုမှာ သက်သေခံသိမ်းထားတဲ့ မူးယစ်ဆေးဝါးတွေ ရောင်းချခဲ့တဲ့ ရဲအရာရှိ ထောင်တစ်သက် ချခံရ

ဂျကာတာ – မေ(၁၀) အင်ဒိုနီးရှားမှာ သက်သေခံပစ္စည်းအဖြစ်သိမ်းဆည်းထားတဲ့ စိတ်ကြွဆေးပြား (၅) ကီလိုဂရမ်ကို ရောင်းဝယ် ဖောက်ကားခဲ့တဲ့ ရဲအရာရှိတစ်ဦး ထောင်တစ်သက်တစ်ကျွန်းချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ရဲအရာရှိဟာ မူးယစ်ဆေးဝါးရောင်းချဖို့အတွက် သက်သေအဖြစ်သိမ်းဆည်းရမိထားတဲ့ စိတ်ကြွဆေးပြားတွေကို ပိုတက်စီယမ်ကျောက်ချဉ်နဲ့ လဲလှယ်ဖို့ သူ့ရဲ့ လက်အောက်ငယ်သား ကို အမိန့်ပေးခဲ့တာပါ။ သူဟာ အနောက်ဆူမားတြားခရိုင်ဒေသန္တရရဲ့ အကြီးတန်းရဲအရာရှိတစ်ဦးဖြစ်ပြီး အရပ်သား ပြည်သူတွေကို ကြားခံကာ မူးယစ်ဆေးဝါးချောင်းချတာတွေလုပ်နေတာဖြစ်တယ်လို့…

သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ကိစ္စကို စတင်စုံစမ်းစစ်ဆေးနေပြီလို့ NUG ထုတ်ပြန်

မော်လမြိုင် – မေ(၉) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာဖြစ်ပွားခဲ့တဲ့ သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေ ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၇) ရက်နေ့က အာဆီယံအရာရှိတွေက လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေချိန် တိုက်ခိုက်ခံခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုဖြစ်စဉ်ဟာ NUG နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အမိန့်ပေးစေခိုင်းခဲ့တာမရှိဘူးလို့…

တနင်္သာရီမှာ ခရီးသည်ကား ၂ စီး မိုင်းဆွဲပစ်ခတ်ခံရပြီး ၅ ဦးဒဏ်ရာရ

တနင်္သာရီ၊ မေ(၉) တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လသာကျေးရွာအနီး မြိတ်-မောတောင်ကားလမ်းမှာ ထိုင်းနိုင်ငံကိုသွားမယ့် ခရီးသည်ကား ၂ စီး မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ရွေ့ပြောင်းအလုပ်သမား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။ ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ ညနေပိုင်းမှာ မြိတ်ဘက်ကနေ မောတောင်ဘက်ကို မောင်းနှင်းလာတဲ့ ရွေ့ပြောင်းအလုပ်သမား ၃၀ ကျော် လိုက်ပါလာတဲ့ မှန်အလုံပိတ်၊…

စစ်အာဏာသိမ်း (၈၂၇) ရက်အတွင်း သတ်ဖြတ်ခံရသူ ၃၄၇၆ ဦးအထိရှိလာ

မော်လမြိုင်၊ မေ(၉) AAPP ရဲ့ မေ(၈)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာ လ (၈၂၇)ရက်အတွင်း ပြည်သူ (၃၄၇၆)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၉၇၃ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ပြန်လည်လွတ်မြောက်လာသူကတော့ (၄၂၂၃) ဦး ဖြစ်ပါတယ်။အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။ မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး…

မုန်တိုင်းသတိပေးချက်ကြောင့် ပြည်သူတွေ ကြိုတင်ပြင်ဆင်မှု လုပ်ဆောင်နေ

မော်လမြိုင်၊ မေ(၉) မုန်တိုင်းဝင်ရောက်နိုင်မှု သတိပေးချက်ကြောင့် မွန်ပြည်နယ်အပါအဝင် မုန်တိုင်းဝင်နိုင်တဲ့ ကမ်းရိုး တန်း ဒေသတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ မေ ၉ ရက်နေ့စကပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုကနေ အစပျိုးကာ မြန်မာနိုင်ငံကို မေ ၁၂ ရက်နေ့လောက်မှာ မုန်တိုင်းအဖြစ် ဝင်ရောက်နိုင်မှု အခြေအနေရှိနေတယ်လို့…

KNU နယ်မြေမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် ၂၀,၀၀၀ ကျော် နေရပ်မပြန်ရဲသေး

မော်လမြိုင်၊ မေ(၉) KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးသလို အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေထံကနေ သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ ဧပြီလ (၁)လ တာအတွင်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က…