ရိုဟင်ဂျာလူမျိုးတွေ သူတို့ရဲ့နေရပ်ပြန်နိုင်ဖို့အတွက် ရပ်ဆိုင်းထားတဲ့ အစီအစဉ်ကို ပြန်လည် အသက်သွင်းတဲ့ ကြိုးစားမှု အစိတ်အပိုင်းအနေနဲ့ရိုဟင်ဂျာ ကိုယ်စားလှယ်အဖွဲ့က လာမယ့် မေလ (၅) ရက်နေ့မှာ သွားရောက်ဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အကြိမ်းဖက်ဖြိုခွင့်မှုကြောင့် ရိုဟင်ဂျာလူမျိုး တစ်သန်း ကျော်ကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားရပြီး ကုလသမဂ္ဂက လူမျိုးတုံး သတ်ဖြတ်မှုအဖြစ် စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတာပါ။
အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်းမှာ (၂) နိုင်ငံလုံးက ရိုဟင်ဂျာလူမျိုးတွေကို ပြန်လည် ပေးပို့ဖို့ သဘောတူညီမှုတွေပြုလုပ်ခဲ့ကြပေမယ့် တိုးတက်ဖြစ်ပေါ်မူအနည်းငယ်သာရှိပြီး လက်ရှိ ဆောင်ရွက်နေတဲ့ အခြေအနေတွေဟာ ပြည်တော်ပြန်ရေးအတွက် မှန်ကန်မှုမရှိဘူးလို့ UN က သတိပေးထားပါတယ်။
ရိုဟင်ဂျာ (၁၀၀၀) ကျော် အခြေချနေထိုင်နိုင်ဖို့အတွက် စမ်းသပ်စီမံကိန်းအဖြစ်ဆောင်ရွက်မယ့် စစ်ကောင်စီရဲ့ အစီအစဉ်တည်ရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ကို ရိုဟင်ဂျာကိုယ်စားလှယ်အဖွဲ့ သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။
“မြန်မာအစိုးရတည်ဆောက်ထားပေးတဲ့ စခန်းတွေကို ကျွန်ုပ်တို့ တွေ့ခွင့်ရမှာပါ။ အဲ့ဒီမှာ အဆောက်အဦး အနေအထားတွေကို တွေ့နိုင်မယ်ထင်ပါတယ်” လို့ ကိုယ်စားလှယ်အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ ရိုဟင်ဂျာလူထုခေါင်းဆောင် ဘာဒီဘူလ် က ပြောခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကော်မရှင်နာဖြစ်တဲ့ မီဇနာရာမန်ဟာ ရိုဟင်ဂျာ ဒုက္ခသည်(၂၀) လောက် ပါဝင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်မှာဖြစ်တယ်လို့ အမည်မဖော်လိုသူ အစိုးရအရာရှိတစ် ဦးက ပြောခဲ့ပါတယ်။
ဒါ့အပြင် အစိုးရအရာရှိက “သူတို့မနက်ပိုင်းမှာသွားပြီးတော့ နေ့လည်ပိုင်းလောက်မှာ ပြန်လာမှာ ပါ” လို့ပြောခဲ့ပြီး အဲဒီအဖွဲ့ သွားရောက်မယ့် ဒုက္ခသည်တွေအတွက် တည်ဆောက် ပေးမယ့် နေရာ တွေကို သွားရောက်မှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တစ်ဦးကလည်း မုတ်သုံကာလမတိုင်ခင် မေလနှောင်းပိုင်းမှာ ပြည် တော်ပြန်ရေးအစီအစဉ်ကို စတင်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ပြောပါတယ်။
(၆) နှစ်ကျော်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စခန်းတွေမှာနေထိုင်ခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ပြီးခဲ့တဲ့ မတ်လလောက်တည်းက လူသိရှင်ကြားဖြစ်နေတဲ့ သူတို့ရဲ့ ပြည်တော်ပြန်ရေးအစီအစဉ် ကို သံသယဖြစ်နေကြပါတယ်။
“နိုင်ငံသားဖြစ်ခွင့်မရှိပဲ ကျွန်ုပ်တို့ကို ဘာကြောင့် မြန်မာပြည်ကို ပြန်ပို့မှာလဲ။ ဘာကြောင့်မို့လို့ ဒီစခန်းတွေကို ကြည့်ဖို့ ကျွန်ုပ်တို့က မြန်မာနိုင်ငံဘက်ကို သွားဖို့လိုတာလဲ။ မြန်မာက ကျွန်ုပ်တို့ နိုင်ငံမဟုတ်ဘူးလား။ သူတို့က ကျွန်ုပ်တို့ရဲ့ ရွာတွေကို သေချာပေါက်ပြရမှာပါ”လို့ အမည်မဖော် လိုတဲ့ ဒုက္ခသည်တစ်ဦး ကပြောခဲ့ပါတယ်။
ရာစုနှစ်ပေါင်းများစွာ နိုင်ငံအတွင်း အခြေချနေထိုင်သူတွေဖြစ်တဲ့ ရိုဟင်ဂျာလူမျိုးတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံကနေ ခိုးဝင်လာကြသူတွေအဖြစ် မြန်မာအာဏာရှင်တွေက ပုံဖျက်ထားကြ ပြီး ဘာသာရေး အဓိကရုဏ်းတွေဖန်တီးခဲ့ကြတာပါ။
၂၀၁၇ ခုနှစ်က ရိုဟင်ဂျာတွေကို အကြမ်းဖက်ခဲ့တဲ့ မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရိုဟင်ဂျာဆိုတာ စိတ်ကူးယဉ်ဆန်မှုသာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့အမည်ခံ စစ်သားတွေဟာ ရိုဟင်ဂျာကျေးရွာတွေမှာ မုဒိမ်းမှု၊လူသတ်မှုနဲ့ မီးရှို့ဖျက်ဆီးမှုတွေကို ဆောင်ရွက်ခဲ့တဲ့အတွက် နိုင်ငံတကာခုံရုံးက စွဲချက်တင်ထားပြီး အဓိက တာဝန်ရှိသူတွေကို အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက မြန်မာနိုင်ငံက အခြေအနေတွေဟာ ရိုဟင်ဂျာ ဒုက္ခသည်တွေ တည်တံ့ခိုင်မြဲတဲ့ ပြည်တော်ပြန်ရေးအတွက် မသင့်လျှော်သေးဘူးလို့ မတ်လထဲမှာ ပြောထားပါတယ်။
ဒါပေမယ့် အဲဒီလထဲမှာပဲ ရိုဟင်ဂျာတွေပြည်တော်ပြန်ရေးအစီအစဉ် တစိတ်တပိုင်းအနေနဲ့ မြန်မာအရာရှိတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်နိုင်ဖို့ အေဂျင်စီက ကူညီပေးခဲ့တဲ့ အတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
Ref:AFP