တနင်္သာရီ၊ မေ(၃)

တနင်္သာရီတိုင်းဒေသကြီးအဝင် ရေဖြူမြို့နယ် မလွှဲတောင်ဂိတ်ကနေ မြိတ်မြို့အထိ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေကြေးအဆမတန် တောင်းခံတာတွေရှိနေတယ်လို့ ကားသမားတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီပြည်ထောင်စု လမ်းမကြီးတလျှောက်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ဆေးရေးဂိတ် ၂၀ ထက်မနည်းဖွင့်လှစ်ခဲ့ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ ၂၀၂၃ ခုနှစ်အတွင်း လုံခြုံရေးအကြောင်းပြချက်နဲ့ တိုးချဲ့ဖွင့်လှစ်ထားတဲ့ စစ်ဆေးရေးဂိတ် ၃၀ နီးပါး ရှိလာခဲ့တာပါ။

လုံခြုံရေးအကြောင်းပြချက်နဲ့ ဖွင့်လှစ်ထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ကုန်ပစ္စည်းပါရှိမှုအပေါ်မူတည်ပြီး ကားတစ်စီးလျှင် ကျပ် ၅၀၀၀ ကနေ ကျပ် ၂၀၀၀၀ အထိ တောင်းခံလာတာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့တောင်းတဲ့ ငွေမပေးပါက ကုန်ပစ္စည်းတွေကို အသေး စိတ် စစ်ဆေးတာ၊ ပစ္စည်းတွေဆွဲချထားတာ၊ ကားထွက်ခွင့်မပေးတာနဲ့ စကားပြောအဆင်မပြေပါက ရိုက်နှက်တာတွေ ရှိနေတယ်လို့ ကားသမားတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်က ငွေကြေးအဆမတန် တောင်းခံလာတာကြောင့် တွက်မခြေမကိုက်တော့တဲ့အတွက် ကားသမားတချို့ ပြေးဆွဲမှုရပ်နားတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။တဖက်မှာတော့ လောင်စာဆီဈေးနှုန်းတွေ အဆမတန်မြင့်တက်လာတာ၊ တိုက်ပွဲတွေကြောင့် သွား လာရခက်ခဲတာ၊

စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ငွေတောင်းခံနေရတာကြောင့် ဒေသအတွင်းမှာလည်း ကုန်ပစ္စည်းဈေးနှုန်း ၃ ဆနီးပါး ဈေးနှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Dawei Watch

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.