မော်လမြိုင်၊ မေ(၃)
AAPP ရဲ့ မေ(၂)ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စစ်အာဏာသိမ်းမှုကာလ (၈၂၁)ရက်အတွင်း ပြည်သူ (၃၄၅၂)ဦးအထိ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရကြောင်း သိရပါတယ်။
ဖမ်းဆီးခံရသူဦးရေကတော့ စုစုပေါင်း ၂၁၈၀၇ ဦး ရှိလာခဲ့ပြီး ဖြစ်ပါတယ်။
ပြန်လည်လွတ်မြောက်လာသူကတော့ (၃၉၁၀) ဦး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့တာပါ။
မွန်ပြည်နယ်မှာတော့ ကျဆုံးသူ ၁၄ ဦးအထိရှိလာခဲ့ပြီး ဖမ်းဆီးခံရသူ (၄၀၀) ကျော်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ရက်မှာတော့ (၂၀၀)ကျော်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ကိုးကား – AAPP